နေပူကြီးထဲမှာ သူကိုယ်တိုင်ဖိနပ်မပါပေမယ့်လည်း ပြည်သူတွေရင်အေးစေဖို့အတွက် ရေခဲချောင်းတွေ လိုက်လှူနေတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်လေး

//s9.kh1.co/07/07c020a615fee5f12d9ec31b0368663a6289ae90.jpeg
နေ့စဉ်သတင်းများ

 ၁၀-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နေပူကြီးထဲမှာ သူကိုယ်တိုင်ဖိနပ်မပါပေမယ့်လည်း ပြည်သူတွေရင်အေးစေဖို့အတွက် ရေခဲချောင်းတွေ လိုက်လှူနေတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်လေး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိအခြေအနေတွေကြောင့် အရမ်းစည်းလုံးကြပြီး အပြန်အလှန်ဖေးမကူညီနေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုလိုကာလအတွင်းမှာ ဇာတိသွေး၊ဇာတိမာန်တွေထက်သန်ပြီး နေ့တိုင်းလမ်းပေါ်ထွက်ကာ အမှန်တရားအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ယခုအခြေအနေမှာဆိုရင် GEN X,Y,Z  စတဲ့အသက်အရွယ်အသီးသီးက အချင်းချင်းစိတ်ဝမ်းမကွဲကြဘဲ မိမိတတ်နိုင်တဲ့နေရာကနေ တစ်တပ်တစ်အားပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိအခြေအနေမှာဆိုရင်တော့ ဆယ်ကျော်သက်အရွယ်လေးတွေကပါ တစ်ထောင့်တစ်နေရာကနေကူညီပေးနေကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကဆိုရင်လည်း ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ အင်းစိန်မှရေခဲချောင်းသယ်လေးက ပြည်သူတွေရင်အေးစေဖို့အတွက် ရေခဲချောင်းတွေလိုက်ဝေပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီကလေးကတော့ နေပူကြီးထဲမှာ သူကိုယ်တိုင်ဖိနပ်မပါဘဲသွားလာနေပေမယ့် ပြည်သူလူထုကိုတော့ အပူဒဏ်ခံနိုင်ဖို့အတွက် တတ်နိုင်တဲ့အလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက်သာငယ်သေးပေမယ့် စိတ်ဓာတ်ကတော့မြင့်မားပြီး အများအကျိုးအတွက် တက်တက်ကြွကြွသယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီလိုမျိုးစေတနာပြည့်ဝပြီး မရှိတဲ့ကြားကနေလှူဒါန်းပေးတဲ့ အဲ့ဒီကလေးရဲ့စိတ်ထားလေးက လေးစားစရာကောင်းလှပါတယ်။ပြည်သူတွေကလည်း ရေခဲချောင်းသယ်လေးရဲ့ပုံရိပ်တွေကို အမိအရဓာတ်ပုံရိုက်ထားပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ချီးကျူးနေကြတာဖြစ်ပါတယ်။ပြည်သူတွေကြားထဲမှာ ဖိနပ်ဗလာနဲ့လျှောက်သွားပြီး ရေခဲချောင်းတွေလိုက်လံလှူဒါန်းနေတဲ့ လူငယ်လေးရဲ့ပုံရိပ်တွေကို ဂုဏ်ယူစွာနဲ့ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T