ဒီလိုအချိန်ကာလကြီးမှာ Super glueနဲ့မီးခြစ်တွေ ရောင်းပြီး ဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ ဂျိုးဖြူလမ်းကြားထဲက စျေးသယ်အဘိုး

//s9.kh1.co/18/18329466889d1c2e3af767645fc1ca7bb17ab5b2.jpeg
နေ့စဉ်သတင်းများ

 ၁၀-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒီလိုအချိန်ကာလကြီးမှာ Super glueနဲ့မီးခြစ်တွေ ရောင်းပြီး ဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ ဂျိုးဖြူလမ်းကြားထဲက စျေးသယ်အဘိုး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ နဂိုကတည်းက စေတနာနဲ့ မေတ္တာတရားကြီးမားကြပြီး လူသားချင်းစာနာထောက်ထားစိတ်လည်း အပြည့်အဝရှိကြပါတယ်။ဒါ့ကြောင့်မှလို့ မြန်မာလူမျိုးတွေက အကူအညီလိုအပ်နေတဲ့သူကိုတွေ့ရင် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြတာဖြစ်ပါတယ်။လတ်တလောအခြေအနေမှာဆိုရင်လည်းပြည်သူလူထုက အချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး လုပ်အားဒါန၊ငွေအားဒါနတွေနဲ့လည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း ဒီလိုအချိန်ကာလကြီးမှာမှ အဘိုးတစ်ယောက်က super glueတွေနဲ့ မီးခြစ်တွေကို အောင်ဆန်းကွင်းနား၊ဂျိုးဖြူလမ်းကြားထဲမှာ ထိုင်ရောင်းနေတာဖြစ်ပါတယ်။အဘိုး ဈေးထိုင်ရောင်းတဲ့ နေရာလေးကလူသွားလူလာလည်း သိပ်မရှိတာကြောင့် သူ့အတွက် အရမ်းခက်ခဲလောက်ပါတယ်။ပြည်သူတစ်ဦးကတော့”ကျွန်တော်လည်း ပုံမှန်အဲ့လမ်းကဖြတ်နေကြပါ ၁၀ခါမှာ၁ခါတောင် ဦးလေးကြီးကို ဘာမှမပေးဖူးပါဘူး ဒါပေမယ့်ဒီနေ့ဦးလေးကြီးပုံစံတစ်မျိုးကြီး ဖြစ်နေလို့ ဝင်မေးကြည့်ပါတယ် ဦးလေးကြီးက နေမကောင်းဘူးလို့ပြောပါတယ်။သင်္ကန်းကျွန်းက​နေလာတာလို့လည်းပြောပါတယ်။ကျွန်တော်ရတဲ့မုန့်ဖိုးလေး အနည်းငယ်နဲ့ မုန့်တွေ ပေးခဲ့ပါသေးတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Panda ညီအစ်ကိုများ အဲ့လမ်းကဖြတ်ခဲ့ရင် ၁၀ခါမှာ ၁ခါဖြစ်ဖြစ်မုန့်ဖိုးလေးထဲကနေ ၁၀၀/၂၀၀ ဖြစ်ဖြစ် ဦးလေးကြီးရဲ့လမ်းစရိတ်လေးရရင်တောင်ဦးလေးကြီး ဝမ်းသာမိမှာပါ။ ဦးလေး က Super ဂလူးတွေ /မီးခြစ်တွေရောင်းနေပေမယ့်ဦးလေးကြီးက ဘယ်သူ့ကိုမှလက်ဖြန့်တောင်းတာ မတွေ့ပါဘူး။ လူအသွားလာ သိပ်မရှိတဲ့ ဂျိုးဖြူ လမ်းကြားလေးထဲက(စျေးသည်ဦးလေးကြီး)နေကောင်းကျန်းမာပါစေ....”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားတာဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်း ဒီအဘိုးကိုသွားတွေ့ပြီး တတ်နိုင်သလောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။အခုလိုကာလမျိုးမှာ ခက်ခက်ခဲခဲနဲ့ ဝမ်းရေးဖြေရှင်းနေရတဲ့ ဒီအဘိုးကို တစ်နိုင်တစ်ပိုင်လေး ကူညီပေးကြပါဦးနော်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T