ဒုက္ခရောက်လာတဲ့ကလေးတွေကိုကူညီပြီး အိမ်မှာရှိသမျှအကုန်ချကျွေးကာ အနစ်နာခံပေးခဲ့တဲ့ ကယ်တင်ရှင်မိသားစုအကြောင်း ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/48/48921fbece6bcfd562b4ab4d24b52e680f190965.jpg
နေ့စဉ်သတင်းများ

 ၁၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒုက္ခရောက်လာတဲ့ကလေးတွေကိုကူညီပြီး အိမ်မှာရှိသမျှအကုန်ချကျွေးကာ အနစ်နာခံပေးခဲ့တဲ့ ကယ်တင်ရှင်မိသားစုအကြောင်း ပြောပြလာတဲ့ ပြည်သူတစ်ဦး

အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့ လတ်တလောအခြေအနေမှာဆိုရင်တော့ ပြည်သူတွေကလည်း အားမလျှော့သွားဘဲ သူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ဆန္ဒတွေကို အော်ဟစ်တောင်းဆိုနေတဲ့ ပြည်သူတွေရဲ့ကြွေးကြော်သံတွေကလည်း နေ့တိုင်း ကြားနေရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်လေးတွေက တာဝန်ကိုယ်စီယူကာ အရှေ့ထွက်ပြီး ပြည်သူတွေကို ရဲရဲရင့်ရင့်ကာကွယ်ပေးနေတာပဲ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ဒါပေမဲ့လည်း လူစုခွဲ ဖြိုခွင်းမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ပြည်သူတွေကလည်း နောက်ဆုတ်ပြီး တိမ်းရှောင်ရတာ ဖြစ်ပါတယ် ။ အခုလည်း ဆန္ဒထုတ်ဖော်ရင်း ကိုယ်တိုင်ပြေးလွှားခဲ့ရတဲ့ ပြည်သူတစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ် ။ သူပြောပြထားကတော့ တိုက်တစ်ခုရဲ့လှေကားမှာ ကလေးတွေထိုင်နေတုန်း မုတ်ဆိတ်တွေအထူကြီးနဲ့ မာမူကြီးတစ်ယောက်က အိမ်ထဲကိုလာဖို့ ဖိတ်ခေါ်ခဲ့ပြီး မိသားစုလို နွေးနွေးထွေးထွေးဆက်ဆံခဲ့တယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ကယ်တင်ရှင်မိသားစုက သူတို့အိမ်သားတွေစားဖို့ ချက်ထားတဲ့ အစားအသောက်တွေကိုပါ ကလေးတွေကိုချကျွေးပြီး ဝတ်ဖို့အဝတ်တွေကအစ ထုတ်ပေးခဲ့တယ်လို့လည်း ရေးသားထားပါသေးတယ် ။ ကလေးတွေကိုကယ်တင်ပြီး စောင့်ရှောက်ပေးတဲ့ မိသားစုရဲ့အကြောင်းကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူတို့ကိုချီးကျူးနေကြတာ ဖြစ်ပါတယ် ။ အခုဆိုရင် စိတ်ကောင်းရှိတဲ့ ကယ်တင်ရှင်မိသားစုအကြောင်းက လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ် ။ ကဲ ဒုက္ခရောက်လာတဲ့သူတွေကို ဖေးမကူညီခဲ့တဲ့ မိသားစုတစ်စုအကြောင်းကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T