နေပူထဲမှာအပင်ပန်းခံနေတဲ့ ကလေးတွေအမောပြေစားဖို့အတွက် စေတနာအပြည့်နဲ့ အချဥ်ပေါင်းတွေ အလကားလိုက်ကျွေးခဲ့တဲ့အဘိုးအိုတစ်ဦး

//s9.kh1.co/90/90b066931fbf2622f8a362fd5abe327c95cc7505.jpeg
နေ့စဉ်သတင်းများ

 ၁၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

နေပူထဲမှာအပင်ပန်းခံနေတဲ့ ကလေးတွေအမောပြေစားဖို့အတွက် စေတနာအပြည့်နဲ့ အချဥ်ပေါင်းတွေ အလကားလိုက်ကျွေးခဲ့တဲ့အဘိုးအိုတစ်ဦး

အလှူအတန်းနဲ့ပတ်သက်ရင် လက်မနှေးတတ်တဲ့ ပြည်သူတွေကတော့ အခုလိုကာလမှာတောင် သူတို့တတ်နိုင်တဲ့ဘက်ကနေလိုအပ်နေတဲ့သူတွေကို ဖေးမကူညီပေးနေတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားပွဲတွေစတင်ခဲ့စဥ်ကတည်းက လမ်းပေါ်မှာ စားစရာတွေ၊အချိုရည်တွေနဲ့ ရေသန့်တွေ လိုက်ဝေငှပေးတဲ့ အလှူရှင်တွေအများအပြား ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင်အဘိုးအိုတစ်ဦးက လူငယ်လေးတွေ အမောပြေစားနိုင်ဖို့အတွက် အချဥ်တုတ်ထိုးတွေကို သူကိုယ်တိုင်လိုက်ကျွေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အချဥ်ပေါင်းရောင်းပြီး ဝမ်းစာရှာဖွေနေတဲ့ အဘကတော့ သူရောင်းနေတဲ့အထဲကနေ ကလေးတွေကို စေတနာမေတ္တာအပြည့်နဲ့ အလကားကျွေးခဲ့တာပဲ ဖြစ်ပါတယ် ။ ချိုသာလွန်းတဲ့အပြုံးတွေနဲ့ ကိုယ့်မြေးအရွယ် လူငယ်လေးတွေကို နှုတ်ဆက်နေတဲ့ အဘရဲ့ပုံရိပ်တွေကလည်း လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ် ။ အဘနဲ့ဆုံတွေ့ခဲ့တဲ့ လူငယ်လေးတွေကလည်း ကျေးဇူးတင်စကားတွေပြောပြီး အဘရဲ့မွန်မြတ်တဲ့စေတနာကို ချီးကျူးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတစ်ဦးကတော့ "ကြည့်ပါဦး...မြေးအရွယ်လေးတွေ အမောပြေစားဖို့ လှူနေတာတဲ့ စိတ်ဓာတ်အရမ်းချမ်းသာတဲ့အဘ ?? ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ" ဆိုပြီး ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ် ။ ဒီပုံလေးတွေကို မြင်တွေ့ရတဲ့သူတစ်ချို့ကတော့ စိတ်ရင်းစေတနာကောင်းတဲ့ အဘကို ကူညီလှူဒါန်းဖို့အတွက် ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ် ။ ကဲ ကလေးတွေကိုအချဥ်ပေါင်းလိုက်ကျွေးခဲ့တဲ့ အဘိုးအိုတစ်ဦးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေလည်း အဘနဲ့ဆုံတွေ့ဖြစ်ခဲ့ရင် တတ်နိုင်သလောက် အားပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါစေ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T