ကိုယ့်လိပ်ပြာကိုယ်လုံတယ် အမှန်တရားဘက်မှာ အမြဲရပ်တည်နေမယ်လို့ ရဲဝင့်ပြတ်သားစွာ ပြောလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

//s9.kh1.co/b1/b1606fcadc88bcfdff4a2ce4d5eb73a1d9db1e91.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ဂီတလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတာ ဖြစ်ပြီး အသစ်ထွက်ရှိလိုက်တဲ့ သီချင်းတိုင်းကလည်း နားဆင်သူတွေရဲ့ ရင်ထဲကို စွဲကျန်ရစ်စေခဲ့တာ ပဲဖြစ်ပါတယ်။ဝိုင်းစုက ယခုမြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပွားနေတာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းစွာ ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူပရိသတ်တွေနဲ့ အတူ တက်တက်ကြွကြွ လူထုလှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account

ဝိုင်းစုတို့ ဇနီးမောင်နှံက လမ်းမပေါ်ကို ထွက်ကာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကိုယ်တိုင်လှုပ်ရှားနေကာ ပြည်သူလူထုနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိနေကြတာ ဖြစ်ပါတယ်။ဝိုင်းစုတို့ ဂီတလောကမှာရှိကြတဲ့ တေးသံရှင်တွေ တော်တော်များများက ပြည်သူတွေနဲ့ စည်းလုံးညီညွှတ်စွာ တတ်နိုင်သလောက် ကူညီဖေးဖရင်း ယုံကြည်တဲ့ ပန်းတိုင်ကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။အခုလိုအချိန်မျိုးတွင် အလှူရှင်များကလည်း တစ်နိုင်တစ်ပိုင် လှူဒါန်းမှုများကို ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။

Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account

ဝိုင်းစုက မိန်းမသားဖြစ်ပေမယ့်လည်း စိတ်ဓာတ်က မာကြောကာ ရဲရင့်ပြတ်သားတာဖြစ်တာကြောင့် တရားမျှတမှုအတွက် ဇွဲမလျော့ပဲ ကြိုးစားနေတာကို သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် "ကိုယ့်ရဲ အားနည်းချက်က စကားတွေအများကြီး မပြောတတ်ဘူး စာတွေအရှည်ကြီးရေးပြီး ကိုယ်ခံစားနေရတာတွေဖော်ထုတ်မပြတတ်ဘူးဒါပေမဲ့ ကိုယ်လုပ်တဲ့လုပ်ရပ်မှန်ကန်တယ် ကိုယ်ရပ်တည်မှုမှန်ကန်တယ် ကိုယ်ဘာတွေလုပ်နေလဲဆိုတာကိုယ်ကိုတိုင်သိတယ် ကိုယ့်လိပ်ပြာကိုယ်လုံတယ်အမှန်တရားဘက်မှာ အမြဲရပ်တည်နေမယ်✊✊"ဆိုပြီး ရေးသားဖော်ပြလာတာကြောင့် ပရိသတ်တွေကလည်း အားပေးရကျိုးနပ်လို့ ချီးကျူးနေတာ ပဲဖြစ်ပါတယ်။ကဲ......ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account
Photo Credit- Wine Su FB Account

သတင်း အရင်းအမြစ်Wine Su FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T