နေပူလို့အသားတွေမဲပါစေ အမေအတွက်ပန်းခူးနေတာပါဆိုပြီး နေပူပူထဲအပင်ပန်းခံကာ လှုပ်ရှားမှုတွေမှာအင်တိုက်အားတိုက်ပါဝင်နေတဲ့ စူးရှထက်

//s9.kh1.co/83/83728082ad7e8215bd7b39507ea694ef3b891c36.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက်ပါဝင်လုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော စူးရှထက်ကလည်း အပါအဝင်ပါပဲ..။

စူးရှထက်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်နေသလို လူထုလှုပ်ရှားမှုတွေကိုယ်တိုင်ပြုလုပ်နေတဲ့အပြင် သူရဲကောင်းပြည်သူတွေအတွက် အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်နေသူလေးပါ..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

ပြီးခဲ့တဲ့ရက်တွေကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ အလှူလေးတွေလည်း ကိုယ်တိုင်ကိုယ်ကျပြုလုပ်နေပြီး သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

သူငယ်ချင်းတွေနဲ့အတူ စုပေါင်းအလှူလေးတွေပြုလုပ်သလို သူမရဲ့ချွေးနည်းစာငွေလေးတွေနဲ့ တစ်ကိုယ်တည်းလှူဒါန်းမှုလေးတွေလည်း ပြုလုပ်တတ်တဲ့ စူးရှထက်ကတော့ အားလုံးရဲ့အနာဂတ်တွေအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"၉-၃-၂၀၂၁

အမေ့တွက် ပန်းခူးနေတာပါအမေ

နေတွေပူလို့ အသားတွေမဲပါစေ

ရုပ်ဆိုးနေလို့ သီးခံပေးကြပါ?.." ဆိုပြီး စူးရှထက်က သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှရင်း ရေးသားပြောပြထားတာပါ..။

တက်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက်အမျိုးမျိုးပါဝင်လုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေကို ပရိသတ်တွေကလည်း အသိအမှတ်ပြု အားပေးချစ်ခင်ကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T