လွန်ခဲ့တဲ့ ၁နှစ်ကျော်အချိန်ကတည်းက လက်သုံးချောင်းထောင်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိခဲ့တာဆိုတဲ့ ထူးခန့်ကျော်

//s9.kh1.co/b2/b2a6c39a380ce3286cdb2b33ef364c69cca8a416.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားကြီး ထူးခန့်ကျော်ကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း လက်ရှိအခြေအနေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို အများသိအောင် တင်​ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ အမှန်တရားရရှိဖို့အတွက် တောင်းဆိုခဲ့တဲ့ သူရဲ့ ပုံတွေကိုလည်း တင်ပေးတာဖြစ်ပါတယ်။ 

Photo credit - Htoo Khant Kyaw's FB account
Photo credit - Htoo Khant Kyaw's FB account

မကြာသေးတဲ့ နာရီပိုင်း အချိန်ကလည်း မင်းသားကြီး ထူးခန့်ကျော်က သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုဝေမျှလာခဲ့ပါတယ်။ ဒါကတော့ အခုလို အခြေအနေမျိုးဖြစ်မှ လက်သုံးချောင်းထောင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာမဟုတ်ကြောင်း ပြောပြလာခဲ့တာပါ။ ထူးခန့်ကျော်က " လွန်ခဲ့သော ၁နှစ်ကျော်လောက်ကတည်းက လက်သုံးချောင်းထောင်ခဲ့တာ ပြည်သူနဲ့တစ်သားထဲရှိနေတဲ့ ဗေဒါ " ဆိုတဲ့ စာသားနဲ့အတူ " မမှီဝဲနဲ့ကင်းအောင်နေ " ဇာတ်လမ်းတွဲထဲက ပုံတွေကို တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo credit - Htoo Khant Kyaw's FB account
Photo credit - Htoo Khant Kyaw's FB account

အမှန်တရားနဲ့ တရားမျှတမှုရရှိဖို့အတွက် တောင်းဆိုနေကြတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိပြီး သူကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တဲ့ မင်းသားကြီး ထူးခန့်ကျော်ရဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ အဆိုပါ ပုံတွေနဲ့ စာသားတွေကို ကြည့်ပြီး ပရိသတ်တွေက မင်းသားကြီး ထူးခန့်ကျော်အတွက် ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ပါအုန်းနော်။ 

Photo credit - Htoo Khant Kyaw's FB account
Photo credit - Htoo Khant Kyaw's FB account
Photo credit - Htoo Khant Kyaw's FB account
Photo credit - Htoo Khant Kyaw's FB account

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T