အခုချိန်မှာ သည်းမခံနိုင်​တော့ဘူးဆိုတဲ့စိတ်ဖြစ်လာကြပေမယ့်လည်း တတ်နိုင်သလောက်သည်းခံကြဖို့ ပြည်သူတွေကို တိုက်တွန်း​​လိုက်တဲ့ နေတိုး

//s9.kh1.co/cf/cf0b9a0cf458b37edfca71c8fd85708ad6712ed6.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အခုချိန်မှာ သည်းမခံနိုင်​တော့ဘူးဆိုတဲ့စိတ်ဖြစ်လာကြပေမယ့်လည်း တတ်နိုင်သလောက်သည်းခံကြဖို့ ပြည်သူတွေကို တိုက်တွန်း​​လိုက်တဲ့ နေတိုး

ပြည်သူလူထုကတော့ တစ်ယောက်နဲ့တစ်ယောက်တတ်နိုင်သလောက်ကူညီပေးကြရင်း နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ကြရင်း ပြည်သူတွေဟာ ထိခိုက်ဒဏ်ရာတွေအပြင် အသက်ပေးခဲ့ရမှုတွေပါ အများအပြားရှိနေခဲ့ပါတယ်။ မြန်မာပြည်သူပြည်သားတွေကတော့ အခက်အခဲတွေများစွာရှိကြပေမယ့်လည်း အားမလျော့ကြဘဲ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo Credit: naytoe 2021officially ' s facebook page

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်လျက်ရှိနေတဲ့ နေတိုးက လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့  ပြည်သူတွေစိတ်အားတတ်စေမယ့် စာလေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ရှိပါတယ်။ ယခုမှာတော့ နေတိုးတစ်ယောက်ဟာ  အခုချိန်မှာသည်းမခံနိုင်​တော့ဘူးဆိုတဲ့စိတ် ဖြစ်လာကြပေမယ့်လည်း တတ်နိုင်သလောက်သည်းခံကြဖို့ ပြည်သူတွေကို တိုက်တွန်း​ပြောဆိုလိုက်ပါတယ်။

Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page

နေတိုးကတော့ " သည်းခံပါ သည်းမခံနိုင်​တော့ဘူးကွာ ဆိုတဲ့စိတ်ဖြစ်လာတာကိုသည်းခံနိုင်တဲ့အထိသည်းခံကြရပါမယ် ယုံကြည်မှုဆီ အတူတူ​အားတင်းရင်းအားလုံးနဲ့အတူတူထပ်တူထပ်မျှပါပဲ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံးအေးချမ်းပျော်ရွှင်ပြီး စိတ်ချမ်းသာရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: naytoe 2021officially ' s facebook page

Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T