လူ့ပတ်ဝန်းကျင်မှာ လိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ စောင့်ထိန်းရမယ့် လောကနိယာမတရားတွေကို မသိကြတော့ဘူးလားလို့မေးလာတဲ့ ကော်နီ

//s9.kh1.co/36/3695ba69dfd2d7998a1c4e18f034e0c4f024c164.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ကော်နီကလည်း တစ်ယောက်အပါအဝင်ပါ။ ဒါ့အပြင် ကော်နီက ပြည်သူတွေနဲ့အတူ နေပူထဲမှာ အပင်ပန်းခံကာ လူထုလှုပ်ရှားမှုမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါသေးတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ 

Photo Credit - Tun Connie's facebook account
Photo Credit - Tun Connie's facebook account

ယနေ့မှာလည်း အဆိုတော် ကော်နီက မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ မတရားမှုတွေကို ငြိမ်မခံနိုင်တော့ပဲ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ စာသားအချို့ရေးသားတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ " လူ့လောကမှာ,လူ့ပတ်ဝန်းကျင်မှာ လိုက်နာရမယ့်ကျင့်ဝတ်တွေ, စောင့်ထိန်းရမယ့်လောကနိယာမတရားတွေကို မသိကြတော့ဘူးလား ရှင်တို့,ကိုယ်ပိုက်ဆံပေးငှားထားတဲ့ အိမ်ကူ, အလုပ်သမားကိုတောင်, လူ့ကျင့်ဝတ်နဲ့အညီပဲ ပြောခွင့်ခိုင်းခွင့်, ရှိကြတော့တဲ့ ...

Photo Credit - Tun Connie's facebook account
Photo Credit - Tun Connie's facebook account
Photo Credit - Tun Connie's facebook account
Photo Credit - Tun Connie's facebook account

အခုခေတ်ကြီးထဲမှာ,လက်နက်မဲ့ပြည်သူကို, လက်နက်နဲ့ချိန်းခြောက်,သေနတ်နဲချိန်တာ သေအောင်ပစ်သတ်နေကြတာ,​ရက်ရက်စက်စက်ရိုက်နှက်ခံနေကြရတာတွေ,​ဒီလိုဥပဒေမဲ့လုပ်ရပ်တွေကို ငြိမ်ခံကြရမယ့်,ခေတ်မို့လို့လား " ဆိုတဲ့ စာသားတွေပဲ ဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိနေခဲ့တဲ့ အဆိုတော်ကော်နီ အတွက်လည်း ပရိသတ်တွေက ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။  

Photo Credit - Tun Connie's facebook account
Photo Credit - Tun Connie's facebook account

သတင်း အရင်းအမြစ်Source - Tun Connie's facebook account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T