သဇင်ထူးမြင့်နဲ့စကားပြောထားတာလေးတွေကိုထုတ်ပြပြီး ချစ်ရတဲ့သူငယ်ချင်းအတွက် ဝမ်းနည်းနေရတာတွေကိုရင်ဖွင့်လာတဲ့ ယွန်းယွန်း

//s9.kh1.co/25/252bbd2de35faec1e8a48aebdd166a9cfae1eea1.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့တသ်ခဲနက်အချစ်တွေကို ရရှိထားကြတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ညီအစ်မအရင်းတွေလို ချစ်ခင်ရင်းနှီးကြသူတွေပါပဲ..။

အတူသွားအတူလာ အမြဲတတွဲတွဲနဲ့ရှိကြတဲ့ သဲနဲ့ ယွန်းယွန်းတို့လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ တက်နိုင်သလောက်ပါဝင်လှုပ်ရှားနေပြီး အခုဆိုရင်သဲကတော့ မိသားစုလိုက်နေအိမ်ကနေရှောင်တိမ်းနေရတာ တွေ့ရပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc

ယွန်းယွန်းကတော့ ညီအစ်မအရင်းတွေကိုချစ်ရတဲ့သူငယ်ချင်းဖြစ်သူ သဇင်ထူးမြင့်အတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းစိတ်ပူနေသလို ဖမ်းဆီးခံထားရတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေအတွက်လည်း စိုးရိမ်နေရတဲ့အကြောင်းလေးကို ရင်ဖွင့်ပြောပြလာပါတယ်..။

သေချာပေါက်ပြန်တွေ့ကြမယ်ဆိုတဲ့သဇင်ထူးမြင့်ကို စောင့်နေမယ်ဆိုပြီး စိတ်မကောင်းစွာအားပေးစကားလေးပြန်လည်ပြောထားတာလေးကို ယွန်းယွန်းကဝမ်းနည်းစွာဝေမျှရင်း ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc

"၇ရက်ရှိပါပြီ.. သူငယ်ချင်းလဲပါသွားပါတယ် ။

ဘယ်ချိန်ထိချုပ်နှောင်ထားမှာလဲဟင်..? အထဲကသူငယ်ချင်းတွေကိုတော့ GenZတွေမို့စိတ်ဓာတ်မကျမှာ ယုံကြည်ပေမယ့် အပြင်ကမိဘတွေမိသားစုတွေ စိတ်ထိခိုက်နေရပါပြီ.. ကျောင်းသားတွေကို ပြန်ပေးပါတော့ ? ကူညီနိုင်တဲ့သူတွေကူညီပေးကြပါ ??.." ဆိုပြီး ဝမ်းနည်းစွာရေးသားထားတာပါ..။

ပြည်သူပရိသတ်တွေကလည်း ယွန်းယွန်းနဲ့အတူ ထပ်တူခံစားကြရတဲ့အကြောင်းလေးတွေကို comment တွေမှာ စိတ်မကောင်းစွာ ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc
Photo Credit - Yoon Yoon's Fb Acc

သတင်း အရင်းအမြစ်Yoon Yoon's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T