တစ်မြေထဲ အတူနေလာပြီး အတူတူကြီးပြင်းလာတဲ့ ကိုယ့်လူမျိုးအချင်းချင်းတွေမို့ စာနာသနားစိတ်လေးထားပေးဖို့ တောင်းပန်လိုက်တဲ့ ယုဇန

//s9.kh1.co/01/0180de7df9de1801623625fc4baa86c562283aec.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

တစ်မြေထဲ အတူနေလာပြီး အတူတူကြီးပြင်းလာတဲ့ ကိုယ့်လူမျိုးအချင်းချင်းတွေမို့ စာနာသနားစိတ်လေးထားပေးဖို့ တောင်းပန်လိုက်တဲ့ ယုဇန

မြန်မာပြည်သူပြည်သားတွေကတော့ တစ်ယောက်ရဲ့ အခက်အခဲတွေကို တစ်ယောက်ကူညီကြရင်း နွေဦးတော်လှန်ရေးကို မလျော့သောဇွဲတွေနဲ့ အားမာန်အပြည့်ဆင်နွှဲနေတာပဲဖြစ်ပါတယ်။ ယနေ့မှာလည်း ပြည်သူတွေဟာ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း မြောက်ဥက္ကလာနဲ့ တစ်ခြားသောနေရာတွေမှာ ဖြိုခွင်းခံခဲ့ရပြီး ဒဏ်ရာတွေလည်း ရရှိခဲ့ကြပါတယ်။ပြည်သူတွေဘက်ကနေ ရပ်တည်လျက်ရှိနေတဲ့ ယုဇနက နွေဦးတော်လှန်ရေးမှာလည်း တတ်နိုင်သလောက်ပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc

ယုဇနကတော့ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ ဒဏ်ရာအပြင်းအထန်ရရှိကြတဲ့လူတွေအတွက်လည်း စိတ်မကောင်းဖြစ်ဝမ်းနည်းမိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏရေးသားလေ့ရှိပါတယ်။ ယခုမှာတော့ ယုဇနတစ်ယောက်ဟာ တစ်မြေထဲ အတူနေလာကြပြီး အတူတူကြီးပြင်းလာတဲ့ ကိုယ့်လူမျိုးအချင်းချင်းတွေမို့ စာနာသနားစိတ်လေးထားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc

သူကတော့ " အရမ်းကြီးတွေရက်ရက်စက်စက်တော့ မလုပ်ကြပါနဲ့ရှင်၊ တစ်မြေထဲ အတူနေလာကြတဲ့ကိုယ့်လူမျိုးအချင်းချင်းတွေပါ နည်းနည်းလေးအသိတရားလေး စာနာသနားစိတ်လေးထားကြပါဦးနော်၊ တောင်းပန်ပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးဒုက္ခတွေများစွာမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source: yuzana mn: s Facebook Acc

photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
photo credit : yuzana mn: s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T