အသားအရေပြန်လည်ထိန်းသိမ်းမယ့်သူတွေအတွက် အိမ်တွင်းပေါင်းတင်နည်းလေးများ

//s9.kh1.co/27/276c5a320eedb4085c6b1d07f94321efc31fcbe9.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အခုချိန်မှာဆိုရင် ပရိသတ်ကြီးလဲ အပြင်ထွက်ကြရတာမို့ အသားအရေ‌ေတွလဲ ပြောင်းလဲကုန်လောက်ပါပြီ။ ဒါကြောင့်ပြန်လည် ထိန်းသိမ်းဖို့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ သခွားသီးအသေး ၁ လုံးနဲ့ ဒိန်ချဉ် ၂ ဇွန်း၊ ၃ ဇွန်းလောက်ကို ရောချေပြီးမျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပေးနိုင်ပါတယ်။ ခြောက်လာတဲ့အထိ ထားပြီးနောက် ရေအေးနဲ့ ဆေးချနိုင်ပါတယ်။ သခွားသီးက အသားအရေကိုအေးမြစေပြီး ခြောက်သွေ့နေတဲ့ အရေပြားကို အစိုဓာတ်ပြည့်ဝစေတာကြောင့် ၄ရက် ၁ ခါလောက် ပေါင်းတင်ကြည့်နိုင် ပါတယ်။

https://s9.kh1.co/__image/w=650,h=452,q=100/03/0372fd09c0f6daa780970b83d34cf04af4de4916.jpg

ငါးကြီးဆီတောင့်ကိုဖောက်ပါ။ အဆီတွေကို မျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀ မိနစ်ခန့်ထားပါ။ ပြီးရင်တော့ရေဆေးချပါ။ ငါးကြီးဆီက ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် A, D ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးနေတဲ့မျက်နှာကဆဲလ်တွေကို ပြန်လည် ကောင်းမွန်တာဖြစ်လို့ တပတ်ကို ၁ ခါလောက်လုပ်ပေးပါနော် ။ရှားစောင်းလက်ပတ် ၁ ဇွန်း၊ နနွင်းအနည်းငယ်၊ ပျားရည်နဲ့ နွားနို့ ၁ ဇွန်း ကို ရောနှောပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ဆေးချပါ။ ရှားစောင်း လက်ပတ်က အသားကိုအေးစေပြီး မျက်နှာကို ဝင်းလက်စေပါတယ်။

https://s9.kh1.co/__image/w=560,h=420,q=100/7b/7bfced0d6535d568a55fa13e64facc1b550f7007.jpg
https://s9.kh1.co/__image/w=650,h=732,q=100/49/492fa4cf54b8d37ca0d2103535ddbaee89f02191.jpg

မုန့်ဖုတ်ဆိုဒါ ၁ ဇွန်း၊ သံလွင်ဆီ ၁ ဇွန်း၊ ပျားရည်ဇွန်းဝက်ကို ခွက်တခွက်ထဲ ထည့်ရောမွှေပါ။ မျက်နှာကိုညင်သာစွာနှိပ်နယ်ပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးနဲ့ဆေးချပါ။ မုန့်ဖုတ်ဆိုဒါက ဆဲလ်အသေတွေကို သေစေပါတယ်။သံပရိုသီး ၂ ဇွန်း၊ သကြားညို ၂ ဇွန်းရောမွှေပြီးမျက်နှာကို လိမ်းပေးပါ။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပြီး ၁၀ မိနစ်ခန့်ထားပါ။ ရေနွေးနဲ့ဆေးချပြီး အစိုဓာတ်လေးပြည့်နေဖို့ moisturizer ပြန်သုံးပေးပါ။ တပတ်ကို ၂ ကြိမ်လောက်စမ်းကြည့်နိုင်ပါတယ်ညဘက်မအိပ်ခင် ဒီလိုပေါင်းတင်ပြီး အစိုဓာတ်ပြန်ဖြည့်ပေးပါ။ ဒါဆိုရင် တောက်ပ ဝင်းလက်တဲ့မျက်နှာလေး ပိုင်ဆိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/61/615b5fae7dcdf92bade7d23b1ea9eb4bfb9349c3.jpg
https://s9.kh1.co/__image/w=650,h=650,q=100/90/902a086bdb65beef4ad6fafcf86e868642c6fb9b.jpg

သတင်း အရင်းအမြစ်Byride

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T