သတင်းအဟောင်းတွေပြန်တင်ပြီး စိတ်ပူအောင်လုပ်တဲ့သူတွေရှိတာကြောင့် သေချာဆန်းစစ်ပြီးမှ ယုံကြည်ဖို့ သတိပေးလိုက်တဲ့ ဦးကောင်းကျော်

//s9.kh1.co/bf/bf44665d9774cfc09dca7787bf34409be0272135.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လူရွှင်တော် သရုပ်ဆောင်​ကြီး ဦးကောင်းကျော်ကတော့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်လို့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာပါ။ အများက လေးစားရတဲ့ ဦးကောင်းကျော်က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုကြီးမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Photo Credit - U Kaung Kyaw's FB account
Photo Credit - U Kaung Kyaw's FB account

အခုလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တဲ့ လူထုလှုပ်ရှားမှုက ပုံတွေကိုလည်း တင်ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးကောင်းကျော်က သူရဲ့ Facebook Accountမှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေနဲ့ စာသားတွေကို ရေးသားတင်ပေးလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးတဲ့ အချိန်ကလည်း ဦးကောင်းကျော်က အရင်က ပိုစ့်တွေကို စိတ်ပူအောင်လုပ်နေတဲ့ လူတစ်ချို့ကို သတိထားဖို့ ပြည်သူတွေကို ပြောလာခဲ့ပါတယ်။

Photo Credit - U Kaung Kyaw's FB account
Photo Credit - U Kaung Kyaw's FB account

ဦးကောင်းကျော်က " စိတ်ပူတာလဲပူကြပါ အရင်ကသတင်းအဟောင်းတွေကို မစဉ်းစားဘဲ ထပ်ခါထပ်ခါ ပြန်ပီးမတင်ကြပါနဲ့ဗျာ သတင်းတစ်ခုကိုလဲ ဟုတ်မဟုတ် ဆိုတာကိုလဲ မိမိအသိဥာဏ်နဲ့ သေချာ ဝေဖန်ဆန်းစစ်တတ်ဖို့လဲ အရေးကြီးပါတယ် ဗျ " ဆိုပြီး ရေးသားတင်ပေးလာခဲ့တာပါ။ အခုလို ရေးသားကာ ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေ လျှော့ကျသွားစေဖို့ပြောလာတဲ့ ဦးကောင်းကျော်ရဲ့ စာသားတွေနဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit - U Kaung Kyaw's FB account
Photo Credit - U Kaung Kyaw's FB account
Photo Credit - U Kaung Kyaw's FB account
Photo Credit - U Kaung Kyaw's FB account

သတင်း အရင်းအမြစ်Source - U Kaung Kyaw's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T