လူထုလှုပ်ရှားမှုမှာအသက်ပေးကျဆုံးသွားတဲ့ သူရဲကောင်းလေးမောင်စည်သူရှိန်အတွက် အလှူငွေတွေပေးပို့လှူဒါန်းခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/aa/aa7591f206fa8d17e33f66b894dbc20e69ec73d0.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေတိုင်းလိုလို စိုးရိမ်သောကတွေနဲ့ နေ့နေ့ညည အထိတ်တလန့်ရင်ဆိုင်နေရပြီး တော်လှန်ရေးတိုက်ပွဲကြီးကို အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုးစားနေကြတာ တွေ့ရပါတယ်..။

လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြသူတွေမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေအပြင် အသက်သေဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း အားလုံးကဝမ်းနည်းစိတ်မကောင်းဖြစ်ကြရသလို အဆိုတော်ချယ်ရီသင်းကလည်း ဖေးမကူညီကာလှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းမှုလေးတွေကို လိုအပ်နေတဲ့နေရာလေးတွေမှာပြန်လည်လှူဒါန်းနေတဲ့ ချယ်ရီသင်းကတော့ ကိုယ်တိုင်လည်းလူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားကာ အခုတစ်ခါမှာလည်း ကျဆုံးသွားတဲ့သူရဲကောင်းလေးအတွက် အလှူငွေတွေလှူဒါန်းခဲ့ပြန်ပါတယ်..။

လူထုလှုပ်ရှားမှုမှာအသက်ပေးကျဆုံးသွားတဲ့ မြောက်ဥက္ကလာက သူရဲကောင်းလေးမောင်စည်သူရှိန်အတွက် တက်နိုင်သလောက် အလှူငွေတွေပေးပို့လှူဒါန်းပြီး မေးမကူညီခဲ့တာပဲ ဖြစ်ပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

"မြောက်ဥက္ကလာကဆုံးသွားတဲ့ မောင်လေးစည်သူရှိန် အတွက်ပြည်တွင်းပြည်ပစေတနာရှင်များစုပေါင်းလှူဒါန်းထားသည့် အလှူငွေထဲမှ (၅)သိန်းကျပ်ကို မောင်လေးရဲ့ဖေဖေ့ထံပို့ပေးပြီးပါပြီ

အိမ်အထိအလှူငွေပို့ပေးတဲ့ ညီမလေးကြည်ဖြူခိုင် ကိုလည်းကျေးဇူးအထူးပါ?

ကောင်းရာသုကတိလားပါစေမောင်လေးရေ?

ချယ်ရီ သင်း.." ဆိုပြီး ဝေမျှထားတာ ဖြစ်ပါတယ်..။

အခုလိုအချိန်မှာ စေတနာရှင်အလှူရှင်တွေနဲ့အတူ ချယ်ရီသင်းတို့ရဲ့ ကုသိုလ်အလှူလေးတွေကိုလည်း ပရိသတ်တွေက ချီးကျူးလေးစားမှုလေးတွေနဲ့အတူ သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

သတင်း အရင်းအမြစ်Cherry Thin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T