တစ်ယောက်တည်းထွက်ပြီး နွေဦးတော်လှန်ရေးပြုလုပ်နေလို့ မထိရောက်တာကြောင့် အရင်လို စည်းလုံးကြဖို့ ​တိုက်တွန်းလိုက်တဲ့ အေသင်ချိုဆွေ

//s9.kh1.co/5d/5d9fc735876471e14f5055ff8f02da6ea0f8bdc0.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

တစ်ယောက်တည်းထွက်ပြီး နွေဦးတော်လှန်ရေးပြုလုပ်နေလို့ မထိရောက်တာကြောင့် အရင်လို စည်းလုံးကြဖို့ ​တိုက်တွန်းလိုက်တဲ့ အေသင်ချိုဆွေ

ပြည်သူလူထုကတော့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပြီး ယနေ့မှာလည်း လူထုလှုပ်ရှားမှုပြုလုပ်ကြရင်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ ဖြိုခွင်းခံရမှုတွေကြောင့် နွေဦးတော်လှန်ရေးဆက်လက်ပြုလုပ်နေကြတဲ့ ပြည်သူအရေအတွက်ဟာ အရင်ကထက်အနည်းငယ်နည်းပါးသွားခဲ့ပါတယ်။ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တဲ့ အေသင်ချိုဆွေကတော့ အမှန်တရားဘက်ကနေ ရဲရဲရင့်ရင့်ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ သူမက ပြည်သူတွေအတွက်လည်းစားသောက်ဖွယ်ရာတွေလှူဒါန်းပေးလေ့ရှိပါတယ်။

Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc

ယခုမှာတော့ အေသင်တစ်ယောက်ဟာ တစ်ယောက်တည်းထွက်ပြီး နွေဦးတော်လှန်ရေးပြုလုပ်နေလို့ မထိရောက်တာကြောင့် အရင်လို စည်းလုံးကြဖို့ ​တိုက်တွန်းလိုက်ပါတယ်။အေသင်ချိုဆွေက" ကြောက်နေလဲ အာဏာရှင်အောက်မှ ဆက်နေကျကျွန်မ တို့ကြောက်လို့ မထွက်ရင် ထွက်နေတဲ့ သူတွေ အဖမ်းခံရမယ် ထောင်ထဲရောက်နေတဲ့ လူငယ်တွေရဲ့ဘဝတွေ ထောင်နန်းစံရင်းကုန်ဆုံးရမယ် သူများသားသမီးတွေ အပစ်သက်ခံရပါစေငါတို့ကလေးတွေမပါဖို့ အရေးကြီးတယ် မထွက်နဲ့ပေါ့။ဟုတ်လား။ ဒီတော်လှန်ရေးမှာ အစက စည်းလုံးသလောက်အခု စိတ်ဝမ်းကွဲတာတွေဖြစ်နေပြီလူမညီတော့ဘူး။ကြောက်နေကြတာလားသူတို့မှာသေနတ်တွေနဲ့ ဘယ်ကမှလည်း လာမကူပဲနဲ့ငါတိုမနိုင်လောက်ဘူး ဆိုပြီး လက်လျှော့သွားရင် တော့ အဲ့ဒါ အာဏာရှင်တွေ ရဲ့ အောင်မြင်မှုပဲ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc

သူမကတော့ " ဒီပွဲက တစ်ယောက်တည်းထွက်ပြီး ဆန္ဒပြနေလို့ မထိရောက်ဘူးအေး နင်ကရော ဘာတွေလုပ်နေလဲ ထွက်လေတို့ကလေးတွေကို အသေသတ်နေတာလားတို့ ဘာလား ဘလားတွေ လာမမေးနဲ့ ကျွန်မ လုပ်ရမယ့် အလုပ် ကျွန်မ ဘာလုပ်နေလည်း ကျွန်မကိုယ် ကျွန်မ သိတယ် အိမ်ထဲနေပြီး ကြောက်မနေနဲခုခံကာကွယ်ဖို့ကို လိုအပ်လာရင်လည်း လုပ်ရမှာပဲ ပြန်ချခိုင်းနေတာမဟုတ်ဘူးနည်းဗျူဟာလိုတယ်၊ ဦးနှောက်သုံးရမယ်Gen-z တွေမေးကြည့် ဘယ်လိုဗျုဟာသုံးရမလဲဆိုတာကိုကြောက်ခေါတ်မှာ နေမယ့်အစားအသေခံပလိုက်မယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : athen cho swe ' s facebook acc

Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Photo Credit: athen cho swe ' s facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T