ဘယ်မြို့ထိထိကြွပေးခဲ့တဲ့မြောက်ဥက္ကလာကို ဘာမှမလုပ်ပေးကြတော့ဘူးလားဆိုပြီး ယူကြုံးမရဝမ်းနည်းစွာနဲ့တောင်းဆိုလိုက်တဲ့ မြတ်ကေသီအောင်

//s9.kh1.co/b4/b43e4ec0d844b74a06f9575573a0a9e562f1d83f.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ယနေ့အချိန်ထိ ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကို ရရှိထားသူတွေထဲမှာ သရုပ်ဆောင်မင်းသမီးမြတ်ကေသီအောင်ကလည်း အပါအဝင်ပါပဲ..။

မြတ်ကေသီအောင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေသလို လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူပရိသတ်တွေအားလုံးနဲ့အတူ တစ်သားတည်းရပ်တည်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Myat Kay Thi Aung's Fb Acc
Photo Credit - Myat Kay Thi Aung's Fb Acc

ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းက ခိုင်မာပြတ်သားတဲ့ယုံကြည်ချက်တွေနဲ့အတူ ပြည်သူတွေနဲ့ရပ်တည်နေတဲ့ မြတ်ကေသီအောင်ကတော့ ဒီကနေ့လေးမှာ ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ဥက္ကလာကပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်..။

ဘယ်မြို့ထိထိကြွပေးခဲ့တဲ့မြောက်ဥက္ကလာကို ဘာမှမလုပ်ပေးကြတော့ဘူးလားဆိုပြီး ဖြိုခွင်းမှုတွေကို အလူးအလဲရင်ဆိုင်နေရတဲ့ မြောက်ဥက္ကလာအတွက်ယူကြုံးမရဝမ်းနည်းစွာနဲ့ ပရိသတ်တွေကိုတောင်းဆိုစကားလေးဆိုလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Myat Kay Thi Aung's Fb Acc
Photo Credit - Myat Kay Thi Aung's Fb Acc
Photo Credit - Myat Kay Thi Aung's Fb Acc
Photo Credit - Myat Kay Thi Aung's Fb Acc

"ကျမတို့မြောက်ဥက္ကလာကိုဘာမှမလုပ်ပေးတော့ဘူးလားရှင်?

ဘယ်မြို့ထိထိကြွပေးခဲ့တာ

မြောက်ဥက္ကလာထိပ်ဆုံးကပါ?

အခု300နီးပါးပါသွားတာကျမတို့လူငယ်တွေပါ ကျမတို့ကျောင်းသားတွေပါရှင်?

ရန်ကုန်တမြို့လုံးကူညီပေးကြပါ

တောင်းပန်ပါတယ်????.." ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း မြောက်ဥက္ကလာအတွက် ယူကြုံးမရစိတ်မကောင်းဖြစ်ကြရပြီး အားလုံးကို ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Myat Kay Thi Aung's Fb Acc
Photo Credit - Myat Kay Thi Aung's Fb Acc

သတင်း အရင်းအမြစ်Myat Kay Thi Aung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T