ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားများ လွတ်မြောက်ရန် ကူညီပေးသူများအား အားသွန်ခွန်စိုက် ကြိုးစားပေးဖို့ တောင်းဆိုလိုက်တဲ့ မေတိုးခိုင်

//s9.kh1.co/6e/6ea5ac25939357e3a2da5ff0a5282ca65058344b.jpeg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မေတိုးခိုင်ကတော့  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူများနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတဲ့  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  ဖေဖော်ဝါရီလတုန်းကတော့  လမ်းပေါ်ထွက်ကာ  သူမရဲ့ ရင်ထဲက  ဆန္ဒတွေကို  ထုတ်ဖော်ပြသခဲ့သော်လည်း  အခြေအနေအရပ်ရပ်ကြောင့်   လူမှုကွန်ယက်မှတစ်ဆင့်  သတင်းအချက်အလက်တွေကို  အချိန်နဲ့ တစ်ပြေးညီဝေမျှပေးနေရတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ကျောင်းသား၊ကျောင်းသူများအတွက်လည်း  တတ်နိုင်တဲ့ဘက်ကနေ  ကူညီဆောင်ရွက်ပေးဖို့  ကြိုးစားနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

ကျောင်းသားများ  ဖမ်းဆီးခံထားရသည်မှာ  ဒီနေ့ဆိုရင်  တစ်ပတ်တိတိပြည့်မြောက်ခဲ့ပြီပဲ  ဖြစ်ပါတယ်။  သူတို့တွေရဲ့  ဆွေမျိုးမိဘများသာမကဘဲ  လူထုလှုပ်ရှားမှုတွေမှာ  ပါဝင်နေကြတဲ့  ပြည်သူများကပါ  စိတ်ပူနေကြတာပဲ  ဖြစ်ပါတယ်။  အနုပညာရှင်များစွာကလည်း  ဒီကလေးတွေကို  အမြန်ဆုံး  ပြန်လွှတ်ပေးဖို့  တောင်းဆိုနေကြတာပဲ  ဖြစ်ပါတယ်။  မေတိုးခိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားများအမြန်ဆုံးပြန်လွတ်နိုင်ရန် ကူညီပေးသူတွေများအား အားသွန်ခွန်စိုက် ကြိုးစားပေးဖို့ တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

သူမကလည်း လက်ရှိ ကျောင်းသားတွေပြန်လွှတ်ပေးဖို့ကိစ္စတွေက  သွေးအေးနေကြပြီး  ဟာသ memes တွေဘက်သာ စိတ်ရောက်နေကြတာကြောင့်  ထိရောက်အောင် ကူညီပေးဖို့ တိုက်တွန်းနေတာပဲ  ဖြစ်ပါတယ်။  ဖမ်းဆီးခံထားရတဲ့  ကလေးတွေဟာ  မိသားစုဝင်များရဲ့ တန်ဖိုးရှိတဲ့  သားကောင်းရတနာ၊သမီးကောင်းရတနာတွေပဲ  ဖြစ်ပြီး အခုလို အနေဆင်းရဲ ၊ အစားဆင်းရဲ ဖြစ်နေမှာကို  စိုးရိမ်နေတာပဲ  ဖြစ်ပါတယ်။  ကလေးတွေ  ဖမ်းဆီးခံထားရသည်မှာ  ဒီနေ့နဲ့ဆို ၆ ညအိပ်  ၇ ရက်မြောက်  ရှိနေပြီပဲ  ဖြစ်ပါတယ်။  ကလေးတွေကို  ကူညီပေးနေတဲ့ သူများလည်း  ဒီ့ထက်မက  အားသွန်ခွန်စိုက်  ကြိုးစားကြပေးဖို့  မေတ္တာရပ်ခံထားတာပဲ  ဖြစ်ပါတယ်။   တန်ဖိုးရှိတဲ့  ကျောင်းသား၊ကျောင်းသူတွေ  အမြန်ဆုံး  ပြန်လွတ်နိုင်ရန် Speak Out လေးလုပ်ပေးကြဖို့  တောင်းဆိုလိုက်ပါရစေနော်။

Source and Photo Crd-May Toe Khine’s Facebook Page 

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T