လူမူကွန်ယက်စာမျက်နှာကို တစ်နေကုန်မသုံးဖြစ်တော့တဲ့ အကြောင်းကို ဝမ်းနည်းစွာပြောပြလာတဲ့ အေးသီတာ

//s9.kh1.co/ff/ffbbf45440601805ac331b6f201be7008d5e92bd.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်လာတဲ့ သူကတော့ အေးသီတာ ပဲဖြစ်ပါတယ်။သူမက အနုပညာလောကမှာ ဆယ်စုနှစ်နီးပါး ရပ်တည်အောင်မြင်နေတာ ဖြစ်ပြီး ရုပ်ရှင် ဗီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။လတ်တလောမှာတော့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတာတွေနဲ့ ပက်သက်ပြီး အေးသီတာက ပြည်သူထဲက ပြည်သူတစ်ယောက်ပဲမို့ အမှန်တရား ဘက်ကနေ လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေတာ ပဲဖြစ်ပါတယ်။

Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account

ဒီလိုအခြေအနေမျိုးတွင် အနုပညာရှင်များစွာက ပြည်သူတွေိနဲ့အတူ တစ်သွေးတည်း တစ်သား တည်း ရှိကာ လူထုလှုပ်ရှားမှုတွေမှာ အားသွန် ခွန်စိုက် ရှေ့ကနေဦးဆောင်ပြီး ငြိမ်းချမ်းစွာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။အလှူအတန်း တွေမှာဆိုရင်လည်း နိုင်သလောက် ပါဝင်လှူဒါန်းကာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးဖနေကြတာ ပဲဖြစ်ပါတယ်။မအေးသီတာက သမီးလေးရှိတာကြောင့် လူထုလှုပ်ရှားမှုတွင် နေ့တိုင်းမပါဝင်နိုင်ပေမယ့်လည်း ပြည်သူပရိသတ်တွေ အတွက် သူမရဲ့ လူမူကွန်ယက် စာမျက်နှာကနေ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေတာလည်း ဖြစ်ပါတယ်။

Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account

အခုဆိုရင်တော့ မမျှော်လင့်ပဲ ကျဆုံးသွားတဲ့သူတွေနဲ့ ထိန်းသိမ်းခံရတဲ့ သူတွေများလာတာကြောင့် အတော်ကိုဝမ်းနည်းနေပြီး မနေ့ညတည်းက Facebook မကြည့်ဖြစ်တဲ့အကြောင်းကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် "ဖဘကို မသုံးတော့ဘူး တစ်နေကုန်မကြည့်ဘူး မနေ့ကညကတည်းက ဘာလို့လည်းမေး မခံစားနိုင်လို့ ရင်ထဲမချိလို့ ဘေးနားမှာအမေ ညီမ ယောင်းမ ဖဘသုံးရင်တောင် အသံပိတ်ပါလို့ ရင်ထဲမချိအောင် မခံစားနိုင်လို့ ကိုယ်ရှယ်လိုက်တဲ့ပို့စ် ကိုယ်ရေးလိုက်တဲ့ ပို့စ် ရုပ်အမှန်မပြဘဲနဲ့ ဝင်ဟောင်တဲ့ ဒါဏ်တွေလည်း မခံစားနိုင်ဘူး ညအိပ်ရင်လည်း ကြက်အိပ်ကြက်နိုး နေရာအနှံမှာ နေတဲ့အမေ မောင်ညီမ တူ တူမတွေကို ပူ ဆန္ဒထုတ်ဖော်နေကြတဲ့ လူတွေကို သနား ညရောက်မှာကိုကြောက် ဝဋ်ကြွေးရှိသမျှ ဒီဘဝနဲ့ပဲ ကြေပါစေတော့ ????????????"ဆိုပြီး စိတ်မကောင်းဖြစ်ကာ ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။ကဲ....ဒီသတင်းလေးကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account
Photo Credit -Aye Thida FB Account

သတင်း အရင်းအမြစ်Aye Thida FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T