ကြိုးစားရိုက်ကူးထားတဲ့ သူမရဲ့ ဇာတ်လမ်းတွဲလွှင့်ချိန်မှာ ပုံတွေတင်နေမိလို့ ပရိသတ်တွေကို ပြန်လည်ရှင်းပြလာတဲ့ ဆောင်းယွန်း

//s9.kh1.co/b5/b5fa59604d4a5f8b0262e421fc5a393d24072644.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

၂၀၁၈ အကယ်ဒမီရွှေကြိုမယ်အဖြစ် ပရိသတ်တွေကြား လူသိများ အောင်မြင်နေတဲ့ ဆောင်းယွန်းစံကတော့ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်ချိန်မှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်​ယောက်ပါ။ သူမရဲ့ ဆိုရှယ်မီဒီယာထက်မှာလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုံရိပ်တွေနဲ့ စာသားအချို့ကိုလည်း တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂နှစ်က သူမကိုယ်တိုင် အကောင်းဆုံးကြိုးစားရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲက MRTV-4မှာ ပြသနေခဲ့ပြီဖြစ်လို့ ဇာတ်လမ်းတွဲထဲက အမှတ်တရပုံတွေကိုလည်း တင်ပေးလာတာပဲ ဖြစ်ပါတယ် ။

Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account

အခုလို ဇာတ်လမ်းတွဲထဲက ပုံတွေတင်တာနဲ့ ပတ်သတ်ပြီး အများရဲ့ စကားသံတွေကို ဆောင်းယွန်းက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒါကတော့ " ဒါတွေတင်နေလို့ နိုင်ငံရေးစိတ်မဝင်စားဘူးလားဆိုတော့ စိတ်လဲ ဝင်စားပါတယ်?စိတ်လဲပူပါတယ်?တတ်နိုင်သလောက်လဲ လှူတာတွေ ဆန္ဒပြတာတွေ speak out လုပ်တာတွေလဲ လုပ်ပါတယ်..ဒါပေမယ့် ကိုယ်အရမ်းကို ကြိုးစားပီး မျှော်လင့်ခဲ့ရတဲ့ ဇာတ်ကားလေးလွှင့်ချိန်တော့ ချစ်ရတဲ့ fans တွေနဲ့ တစ်သားတည်း ဖြစ်ချင်လို့ပါ.. 

Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account

ဆောင်းရော ဆောင်းရဲ့ ချစ်ရတဲ့ စိန်တုံးလေးတွေရော အရေးတော်ပုံအောင်မြင်ဖို့ တတ်နိုင်တဲ့ ဘက်က ကြိုးစားနေတယ်ဆိုတာလေးလဲ ယုံကြည်ပေးပါရှင့်.. ?♥️ " ဆိုပြီး သူမရဲ့ Facebook Account မှာ တင်ပေးလာတာပဲ ဖြစ်ပါတယ်။ စာသားတွေအပြင် ဆောင်းယွန်းက ဇာတ်လမ်းတွဲရိုက်ကူးတဲ့အချိန်က ဆံပင်အရှည်နဲ့ နန်းဆန်တဲ့ ပုံတွေကိုလည်း ဝေမျှခဲ့ပါသေးတယ်။ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေဖို့အတွက် ဆောင်းယွန်းစံရဲ့ စာသားတွေနဲ့ ပုံတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit - Saung Yoon San's FB account
Photo Credit - Saung Yoon San's FB account

သတင်း အရင်းအမြစ်Source - Saung Yoon San's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T