လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်တွေများနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာကြောင့် ရှောင်တိမ်းနေထိုင် နေရကြောင်းပြောလာတဲ့ အလင်းရောင်

//s9.kh1.co/f3/f30472590ba9d96d5a4feccaf47e75cd1d1ec161.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားချော အလင်းရောင် ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ပြည်သူထဲက ပြည်သူတစ်ယောက် အနေနဲ့ နေ့စဥ်ရက်ဆက် လမ်းမထက်မှာ ပြည်သူတွေ၊ ပရိသတ်တွေ နဲ့ အတူ တသားတည်း ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်တွေများနေရတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာကြောင့် ရှောင်တိမ်းနေထိုင် နေရကြောင်း ပရိသတ်တွေ ကို လူမှုကွန်ယက်စာမျက်နှာမှာ ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account

အလင်းရောင်ကတော့ "ဒီတော်လှန်ရေးကိုစတင်ပါဝင်စဉ်ထဲက ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးထိ ပါဝင် တော်လှန်သွားမယ်လို့ ဆုံးဖြတ်ထားတာပါ ။ အဲ့တာကြောင့် ဘယ်နေရာက ကျွန်တော့်အတွက် လုံခြုံမှုရှိနိုင်မလဲ၊ ဘယ်လို ဆက်လက်လှုပ်ရှားရမလဲဆိုတာတွေ ပြင်ဆင်ခဲ့တယ်။ အခုချိန်ထိအဘက်ဘက်ကဆက် ဖြည့်ဆည်းပါဝင်ရင်း ရှောင်တိမ်းနေထိုင်ရတဲ့ကာလတွေ ဖြစ်လာတယ်။

အကြမ်းဖက်သမားတွေကြောင့် နေ့ချင်းညချင်း ဝရမ်းပြေးဆိုတဲ့ ခေါင်းစဉ်အောက်ရောက်သွားသလိုပါပဲ။

ဒီအတွက် စိတ်ပြင်ဆင်ထားပြီးသားဖြစ်နေပေမယ့် နေ့စဉ် မြင်နေကြားနေရတဲ့ ပြည်သူအပေါ် အကြမ်းဖက်နေမှုတွေကိုကတော့ ခံပြင်းစိတ်ကြောင့် ဒေါသတွေထွက်ရ၊ ခါးခါးသီးသီး နာကျင်ရပါတယ်။

သတင်းတွေ ဆက်မကြည့်နိုင်လောက်အောင်၊ Facebook Newfeeds ကို ကြည့်ဖို့စိတ်ပြင်ဆင်မိတဲ့အထိ ဖြစ်လာလောက်အောင်ကို စိုးရိမ်စိတ်တွေများနေရတဲ့နေ့ရက်တွေကို ဖြတ်သန်းလာရတယ်။

တခဏတာပဲဖြစ်ဖြစ်တော့ စိတ်ဖိစီးစေတဲ့အကြောင်းအရာမျိုးစုံရဲ့ ဒဏ်တွေကြောင့် မွန်းကြပ်လာတဲ့ခံစားချက်မျိုး လူတိုင်းလဲ ခံစားနေရမယ်ထင်ပါတယ်။"

Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account

"လူတိုင်း လူတိုင်း စိုးရိမ်မှုတွေ နဲ့ အိပ်စက်ရတဲ့ ညတွေ၊ မျက်လုံးပွင့်တာနဲ့ ပစ်ခတ်သံတွေနဲ့ နေ့တွေ၊ အမြန်ဆုံးကုန်ဆုံးဖို့ မျှော်လင့်မိတယ်၊

အဲ့တာကျွန်တော် ညစဉ်ညတိုင်း ဘုရားမှာတောင်းမိတဲ့ ဆုပဲ။

ဒီကာလမှာ နားထောင်ဖြစ်နေတဲ့ သီချင်းစာသားလေးအတိုင်း။

ကျွန်တော်တို့တွေ တစ်ယောက်ထဲမဟုတ်ပါဘူး။ အခုအချိန် ခဏလေးကို တူတူရင်ဆိုင်ကြပါမယ်။ ဒါကို ကျော်လွန် လွတ်မြောက်သွားတာနဲ့ မျှော်လင့်ထားတဲ့ ပန်းတိုင်စီ ရောက်ရှိကြတော့မှာပါ။ အားတင်းထားပြီးရှေ့ဆက်ကြပါမယ် ။ ကျွန်တော်တို့ရဲ့ နွေဦး တော်လှန်ရေးဟာ ရောင်နီလွှမ်းခြုံ အောင်မြင်တော့မှာပါ။

Don't say you're too tired to fight

It's just a matter of time

Up there's the finish line

အရေးတော်ပုံအောင်ရမည် ......." ဆိုကာ သူရဲ့ ခံစား ချက်တွေကို ပရိသတ်တွေထံ ရင်ဖွင့်လာတာနဲ့ ပတ်သတ်ပြီး ပြန်လည်ကူးယူမျှဝေ ပေးလိုက်တာ ပဲ ဖြစ်ပါတယ်။

Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account
Photo Crd- ALINNYAUNG's FB account

သတင်း အရင်းအမြစ်ALINNYAUNG's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T