အခုချိန်အထိ ရွှေပြည်အေးတရားဟောနိုင်သေးတယ်နော်လို့ လာပြောတဲ့သူတွေကို သူမရဲ့လက်ရှိအခြေအနေကိုသိအောင် ပြောပြလိုက်ရတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/ff/ff6c012e60abbc4d15f2470170faec5b8a1951ae.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အခုချိန်အထိ ရွှေပြည်အေးတရားဟောနိုင်သေးတယ်နော်လို့ လာပြောတဲ့သူတွေကို သူမရဲ့လက်ရှိအခြေအနေကိုသိအောင် ပြောပြလိုက်ရတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် မင်းသမီးချော ပိုင်ဖြိုးသုကတော့ မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်ပွဲတွေစတင်ခဲ့တဲ့ အချိန်ကတည်းက အစောဆုံးပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ပိုင်ဖြိုးသုအပြင် သူမရဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြခဲ့တာ ဖြစ်ပါတယ် ။ သူမတို့ဇနီးမောင်နှံနှစ်ယောက်က နေ့တိုင်းနီးပါး လမ်းပေါ်ကိုထွက်ပြီး အပင်ပန်းခံကာ တောင်းဆိုပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 

ပိုင်ဖြိုးသုက အခုချိန်မှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ကိုမထွက်နိုင်ပေမယ့်လည်း သူမတတ်နိုင်တဲ့ဘက်ကနေ ခွန်အားရှိသလောက် အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ် ။ သူမအနေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ပြည်သူတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ပိုင်ဖြိုးသုက သူမသင်ယူတတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ပြည်သူတွေကို အကျိုးပြုပေးခဲ့သေးတာ ဖြစ်ပါတယ် ။ အခုတော့ သုသုက သူမကိုသွေးအေးတယ် ထင်နေကြတဲ့သူတွေသိအောင် စာတင်ပြီး ဖြေရှင်းထားတာ ဖြစ်ပါတယ် ။

Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page 
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P

ပိုင်ဖြိုးသုက အကြောင်းစုံကို သူမရဲ့Instagram Story မှာ စာရေးသားပြီး မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီစာထဲမှာတော့ အခုအချိန်အထိ "မသုက ရွှေပြည်အေးတရားဟောနိုင်သေးတယ်နော်"ဆိုပြီး လာပြောတဲ့ကလေးတွေကို သူမရဲ့စိတ်သဘောထားကိုသိသွားအောင် အားလုံးပြောပြလိုက်ရတာပဲ ဖြစ်ပါတယ် ။ ပိုင်ဖြိုးသုက ပြောချင်တာတွေကို မျိုသိပ်ပြီးနေနေရတာဖြစ်ကြောင်းနဲ့ သူမပြောလိုက်တာတွေက ကူညီရာမရောက်ဘဲ ဒုက္ခပေးသလိုဖြစ်နေမှာစိုးလို့ ထိန်းနေရတာဖြစ်ကြောင်း ပြောပြခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ ပိုင်ဖြိုးသုကိုအထင်လွဲနေကြတဲ့သူတွေအတွက် သူမဖြေရှင်းထားတဲ့စာကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Paing Phyoe Thu's IG Story

Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's IG Story
Photo Credit-Paing Phyoe Thu's IG Story
Photo Credit-Paing Phyoe Thu's FB Page & D1P
Photo Credit-Paing Phyoe Thu's FB Page & D1P
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T