လမ်းပေါ်ထွက်ကာ ရင်တွင်းဆန္ဒတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် maskနဲ့ လက်သန့်ဆေးရည်များ လှူဒါန်းခဲ့တဲ့ နန်းမွေစံ

//s9.kh1.co/95/95d87c3212157a93cf52814b3ffb0be13c9958c6.jpeg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်  နန်းမွေစံကတော့   ဖေဖော်ဝါရီလအစကတည်းက  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။  အရေးကြုံလာတိုင်း  ပြည်သူတွေဘက်ကနေ  မားမားမတ်မတ်ရပ်တည်ပေးတာကြောင့်  ပရိသတ်များက  ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။  သူမကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း  နိုင်ငံတကာမှ  သူမရဲ့ ပရိသတ်တွေ  သိရှိနိုင်စေရန်  Instagram လူမှုကွန်ယက်မှတစ်ဆင့်လည်း  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account

သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  လက်ရှိအခြေအနေတွေအား ဗီဒီယိုဖိုင်တွေတင်ကာ  Speak Out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။  ဒါ့အပြင်  မြန်မာနိုင်ငံက  ပြည်သူတွေအတွက်  တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာပဲ  ဖြစ်ပြီး  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  နန်းမွေစံရဲ့ Instagram အကောင့်တွင်  ကြည်နူးဖွယ်ရာ အလှူတစ်ခုပြုလုပ်နေတာကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ပုံလေးတွေ  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account

ဒါကတော့  လမ်းပေါ်ထွက်ကာရင်တွင်းဆန္ဒတွေကိုထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် maskနဲ့လက်သန့်ဆေးရည်များ လှူဒါန်းခဲ့တဲ့  နန်းမွေစံရဲ့ ပုံရိပ်တွေပါ။ နန်းမွေစံတစ်ယောက် ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှာကို  စိုးရိမ်တာကြောင့်  တစ်ဖက်တစ်လမ်းကနေ  ကူညီပေးနေတာလည်း  ဖြစ်ပါတယ်။  သူမကတော့  ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတစ်ခုဖြစ်တဲ့  မဟာဗန္ဓုလပန်းခြံရှေ့တွင်  ပြည်သူတွေအား mask ကြိုးလေးတွေ ကိုယ်တိုင် ချည်ပေးနေတာကိုလည်း  မြင်တွေ့ရမှာပဲ  ဖြစ်ပါတယ်။  နန်းမွေစံလည်း ဒီ့ထက်မက  လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်  သူမရဲ့ပုံရိပ်တွေကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nang Mwe San’s IG Account 

Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Photo Crd-Nang Mwe San’s IG Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T