ထရပ်ကားတစ်စီးထဲ ပုန်းကွယ်လိုက်လာရင်းသေဆုံးသွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အတွင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိတယ်လို့ Channel NewsAsia မှာဖော်ပြထားပါတယ်။

တက္ကဆက် ပြည်နယ် ဆန်တီယေဂိုမြို့က ဝေါလ်မတ် စတိုးဆိုင် ကားပါကင်မှာ ရပ်နားထားတဲ့ အဲဒီ ထရပ်ကားကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့တာဖြစ်ပြီး အပူချိန်လွန်ကဲနေတဲ့ ကားနောက်တွဲထဲမှာ ရွှေ့ပြောင်းလုပ်သားတွေ သံသယဖြစ်ဖွယ်လူတွေ လိုက်ပါလာတာကို တွေ့ရှိခဲ့တာပါ။ လိုက်ပါလာသူတွေအနက် လူ (၉) ဦးကတော့ သေဆုံးနေပြီး ကျန်တဲ့ လူ (၃၀) လောက်က နာမကျန်းဖြစ်နေတာကြောင့် နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အများစုဟာ ရေဓါတ်ခန်းခြောက်နေပြီး နှလုံး ခုန်နှုန်း မမှန်တဲ့ ရောဂါလက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ နာမကျန်းဖြစ်နေတဲ့ လူတွေထဲက (၁၇) ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ကားပေါ်ပါ လူအရေအတွက်နဲ့လွတ်မြောက်သွား သူတွေကို ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးနေဆဲပါ။

Aung

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။