ရည်မှန်းချက်ပန်းတိုင်ချင်းတူတူပဲမို့ ငါကပိုလုပ်တယ် သူကနည်းနည်းပဲလုပ်တယ်ဆိုပြီး စိတ်ဝမ်းမကွဲကြဖို့ တိုက်တွန်း​​လိုက်တဲ့ ဖုန်းသီရိကျော်

//s9.kh1.co/21/21f2f5060bc034a53e563d3b00f7e8fb193c01a0.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရည်မှန်းချက်ပန်းတိုင်ချင်းတူတူပဲမို့ ငါကပိုလုပ်တယ် သူကနည်းနည်းပဲလုပ်တယ်ဆိုပြီး စိတ်ဝမ်းမကွဲကြဖို့ တိုက်တွန်း​​လိုက်တဲ့ ဖုန်းသီရိကျော်

မြန်မာပြည်သူပြည်သားတွေကတော့ ချစ်ချစ်ခင်ခင်၊စည်းစည်းလုံးလုံးရှိကြတဲ့အပြင် အမှားလုပ်မိစေမယ့်ကိစ္စတွေကိုလည်း တစ်ယောက်နဲ့တစ်ယောက်ထောက်ပြရင်း နွေဦးတော်လှန်ရေးကို ဇွဲသတ္တိအပြည့်နဲ့ ပါဝင်ဆင်နွှဲလျက်ရှိနေခဲ့ပါတယ်။ ပြည်သူတွေက တစ်ယောက်ရဲ့အခက်အခဲတွေကို တစ်ယောက်ကူညီပေးကြရင်း လိုချင်တဲ့ပန်းတိုင်ဆီကို အရောက်လှမ်းနေကြတာပဲဖြစ်ကာ အနုပညာရှင်တွေများစွာကလည်း အမှန်တရားဘက်ကနေ ရပ်တည်ကြရင်း နွေဦးတော်လှန်ရေးကို ပြုလုပ်နေကြပါတယ်။

Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 

ဖုန်းသီရိကျော်က လူငယ်တစ်ယောက်ပီပီ ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေသူတစ်ယောက်ဖြစ်ပြီး ပြည်သူတွေအကျိုးရှိစေမယ့်စာလေးတွေကိုလည်း မကြာမဏမျှဝေပေးလေ့ရှိပါတယ်။ယခုမှာတော့ ဖုန်းသီရိကျော်တစ်ယောက်ဟာ ရည်မှန်းချက်ပန်းတိုင်ချင်းတူတူပဲမို့ငါကပိုလုပ်တယ်၊သူကနည်းနည်းပဲလုပ်တယ်ဆိုပြီး စိတ်ဝမ်းမကွဲကြဖို့ မြန်မာပြည်သူပြည်သားတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ သူမကတော့ " ခုတစ်လော ငါကပိုလုပ်တယ် သူကနည်းနည်းပဲလုပ်တယ်တွေ မတွေးစေချင်ပါ မblame ကြပါနဲ့ ကိုယ်လုပ်နိုင်တာ အတက်နိုင်ဆုံးအကောင်းဆုံးတွေပဲတွေးပြီးလုပ်နေကြရသူအချင်းချင်း ပန်းတိုင်တူသူများအချင်းချင်းမို့မေတ္တာစိတ်လေးနဲ့ကြည့်ပြီး စည်းလုံးပေးပါ "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 

သူမကတော့ " Negative energy တွေနဲ့ မကောင်းတဲ့အမြင်များနေရင် မကောင်းတဲ့အရာတွေပဲကိုယ့်စီရောက်တက်ပါတယ်။ အာရုံတွေမများစေချင်ဘူး မိဘတွေကိုလည်း အရမ်းစိတ်မပူစေချင်ပါဘူး... လူငယ်တွေအကုန်လုံး သူတို့ ဘာလုပ်ရင် ဘာဖြစ်မယ်အကုန်သိကြပါတယ်... ၈၈ဆိုတာကိုလည်း ကိုယ်တိုင်မကြုံဖူးပေမယ့် Internet ခေတ်မို့ အကုန် နားကြားဝကြပါတယ်.. ဘယ်လိုလုပ်ရင် အကွက်ထဲဝင်မလဲဆိုတာ သိကြပါတယ် “ထွက်နိုင်သူ ထွက်!ကူနိုင်သူ ကူ!လှူနိုင်သူ လှူ!ရေးနိုင်သူ ရေး!ရှဲနိုင်သူ ရှဲ!သွေးမကွဲ ကြေး!Blame Game စတင်ခြင်းသည် ရှုံးနိမ့်ခြင်း ပြိုကွဲခြင်း၏ အစ ဖြစ်သည်။ ဘုံရန်သူက တစ်ဦးတည်း ဆိုတာ သတိရကြပါ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။မြန်မာပြည်သူပြည်သားတွေအားလုံး အေးချမ်းစွာနဲ့စိတ်ချမ်းသာရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source : Jenny - phone thiri kyaw ' s facebook page 

Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Photo Credit: Jenny - phone thiri kyaw ' s facebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T