အပြင်ပန်းသာကြည့်တဲ့သူတွေကြောင့် လှူမယ့်သူမရှိဖြစ်နေတဲ့ကလေးကို ခေါင်းအစခြေအဆုံးအထိ လိုတာတွေဝယ်ပေးပြီး ကူညီလိုက်တဲ့လူငယ်အဖွဲ့

//s9.kh1.co/9c/9ce640ad6eb95986007078d4e2f94cc4ee104825.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အပြင်ပန်းသာကြည့်တဲ့သူတွေကြောင့် လှူမယ့်သူမရှိဖြစ်နေတဲ့ကလေးကို ခေါင်းအစခြေအဆုံးအထိ လိုတာတွေဝယ်ပေးပြီး ကူညီလိုက်တဲ့လူငယ်အဖွဲ့

အခုလက်ရှိကာလမှာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ထိပ်ဆုံးကနေပါဝင်နေကြတယ်ဆိုတာကို အားလုံးလည်း သိမြင်ကြမယ် ထင်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် ဒီတစ်ခါဖော်ပြပေးချင်တာကတော့ သတ္တိရှိပြီး တာဝန်ကျေတဲ့ ကောင်လေးတစ်ယောက်ကို ကူညီခဲ့တဲ့ လူငယ်အဖွဲ့အကြောင်းပဲ ဖြစ်ပါတယ် ။ လူငယ်အဖွဲ့တစ်ဖွဲ့က သူတို့နဲ့အတူ ရှေ့တန်းမှာကာကွယ်ပေးနေတဲ့ ကလေးတစ်ယောက်ကို လိုအပ်တာတွေဝယ်ပေးပြီး ကူညီခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

လူငယ်အဖွဲ့ထဲက တစ်ယောက်ကပဲ သူကြုံတွေ့ခဲ့ရတဲ့ ဒီအဖြစ်အပျက်အကြောင်းကို Facebook မှာရေးသားပြီး မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီစာထဲမှာတော့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က ဒိုင်းကာအဖွဲ့မှာ နေ့တိုင်းလိုလို လာရောက်ဝန်းရံပေမယ့်လည်း လှူမယ့်သူမရှိခဲ့ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ အပေါ်ယံသာကြည့်ပြီး ဆုံးဖြတ်ကြတဲ့သူတွေကြောင့် အကူအညီမဲ့နေတဲ့ ကလေးကို လူငယ်အဖွဲ့က အသိအမှတ်ပြုကာ ခေါင်းအစခြေအဆုံးအထိ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုယ့်နိုင်ငံအကျိုးအတွက် တစ်တပ်တစ်အား ပါဝင်အားဖြည့်နေတဲ့ ဒီကောင်လေးကို လူငယ်အဖွဲ့က ဦးထုပ်၊ဖိနပ်၊ Mask နဲ့ အဝတ်အစားတွေ အကုန်ဝယ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ကိုယ်တိုင် ဖိနပ်ကအစ သေသေချာချာဝတ်ပေးပြီး စိတ်တိုင်းကျဆင်ပေးခဲ့တဲ့ လူငယ်အဖွဲ့ရဲ့လုပ်ရပ်ကို ပြည်သူတွေကလည်း အားပေးချီးကျူးနေကြတာ ဖြစ်ပါတယ် ။ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်တစ်ခုတည်းကို လျှောက်လှမ်းနေတဲ့ လူငယ်တွေရဲ့ အချင်းချင်းရိုင်းပင်းကူညီနေကြပုံကို ဒီအဖြစ်အပျက်လေးက သက်သေပြလိုက်နိုင်တာပဲ ဖြစ်ပါတယ် ။ ကဲ လတ်တလော လူမှုကွန်ယက်မှာ စိတ်ဝင်စားမှုများပြားနေတဲ့ လူငယ်အဖွဲ့နဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T