ဒီကာလမှာ ခက်ခက်ခဲခဲနဲ့ဝမ်းရေးဖြေရှင်းနေရလို့ သူရောင်းနေတဲ့ပလုတ်တုတ်လေးကို လမ်းပေါ်ကလူတွေဝယ်အောင် ဝှေ့ယမ်းပြနေတဲ့ အဘိုးအိုတစ်ဦး

//s9.kh1.co/2a/2a144ba63afe8d99f2e96fbecedef745eca65a93.jpeg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒီကာလမှာ ခက်ခက်ခဲခဲနဲ့ဝမ်းရေးဖြေရှင်းနေရလို့ သူရောင်းနေတဲ့ပလုတ်တုတ်လေးကို လမ်းပေါ်ကလူတွေဝယ်အောင် ဝှေ့ယမ်းပြနေတဲ့ အဘိုးအိုတစ်ဦး

လတ်တလောအခြေအနေတွေမှာဆိုရင် ပြည်သူအချင်းချင်းက ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ရိုင်းပင်းကူညီကြတာကြောင့် မြန်မာလူမျိုးတွေရဲ့ ဂရုဏာ၊မေတ္တာတရားကြီးမားပုံကို ကွက်ကွက်ကွင်းကွင်းမြင်နေရတာဖြစ်ပါတယ်။ပြည်သူတွေက အကူအညီလိုအပ်နေတဲ့သူတွေကို တွေ့မြင်တိုင်းလည်း တတ်နိုင်သလောက်စောင့်ရှောက်ပေးပြီးသနားကြင်နာစွာ ဖေးမပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မန္တလေးမြို့ 73 38လမ်းထောင့်မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘိုးတစ်ဦးက သူ့ရဲ့ဝမ်းရေးအတွက် စျေးရောင်းပြီး ခက်ခက်ခဲခဲဖြေရှင်းနေရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အဘိုးကတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း သူတတ်နိုင်တဲ့အင်အားလေးနဲ့ စီးပွါးရှာနေတာဖြစ်ပြီးဘယ်သူ့ကိုမှလည်း အကူအညီမတောင်းတာဖြစ်ပါတယ်။အဘိုးရောင်းနေတဲ့ ပလုတ်တုတ်ကစားစရာလေးကလည်း အခုလိုကာလမျိုးမှာ တစ်ခုရောင်းရဖို့အတွက်တောင် အရမ်းခက်ခဲနေတာဖြစ်ပါတယ်။အဘိုးကတော့ လမ်းပေါ်ကလူတွေ သူ့ရဲ့ပလုတ်တုတ်လေးကို ဝယ်လိုဝယ်ငြား ကိုင်ပြီးဝှေ့ယမ်းပြနေတာဖြစ်ပါတယ်။အဲ့ဒီအဘိုးစျေးရောင်းနေတာကို တွေ့မြင်သွားတဲ့ ပြည်သူတစ်ဦးကတော့ တတ်နိုင်သလောက်ကူညီပေးခဲ့ပြီး အောက်ပါအတိုင်းလည်း ရေးသားထားတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ပြည်သူတစ်ဦးကတော့ “မျက်ဝန်းတွေက စကားပြောနေပြီး နံရိုးလေးတွေက အင်အားလိုအပ်နေသောအခါ 73 38လမ်းထောင့်မှာ သူဖန်တီးထားတဲ့ ပလုပ်တုတ်လေးတွေကို လမ်းသွားလမ်းလာတွေကို မြင်အောင် ကြိုးစားဝှေ့ယမ်းနေလေသည်  ဒီလိုကာလကြီး လူတိုင်းအခက်ခဲများစွာကြုံနေချိန် အဘမှာ ဝယ်သူကိုမျှော်နေပါတယ်ဗျာကျွန်တော့်အတွက်အသုံးမဝင်ပေမယ့် အဘတစ်ခုဘယ်လောက်လဲ ဆိုတော့ တစ်ခုသုံးရာ နှစ်ခုငါးရာတဲ့ ကျွန်တော်လည်း အဘရာ တစ်ခု 5000 ထားလိုက်ဆိုပြီး ဈေးဆစ်ပြီးဝယ်လာခဲ့လေသည် လမ်းလေးများကြုံရင် ကူညီပြီးအားပေးကြပါဦးနော်”ဆိုပြီး အဘကို ကူညီပေးနိုင်ဖို့အတွက် နှိုးဆော်ထားတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T