စိတ်ပင်ပန်းစရာတွေများတဲ့ ဒီလိုအချိန်မှာ မြင်ရသူတွေကို ရင်ထဲအေးချမ်းပြီးပီတိဖြစ်စေခဲ့တဲ့ ကိုရင်အဖွဲ့နဲ့ကလေးငယ်တစ်ယောက်ရဲ့ပုံရိပ်များ

//s9.kh1.co/3a/3ab7baebcaf5a13bb430875b404259bfc66bad7a.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စိတ်ပင်ပန်းစရာတွေများတဲ့ ဒီလိုအချိန်မှာ မြင်ရသူတွေကို ရင်ထဲအေးချမ်းပြီးပီတိဖြစ်စေခဲ့တဲ့ ကိုရင်အဖွဲ့နဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံရိပ်များ

ဖေဖော်ဝါရီလကတည်းက အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ ပြည်သူတွေကလည်း လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစားနဲ့ ဆက်လက်ပြုလုပ်နေကြဆဲဖြစ်ပါတယ် ။ ဒါ့အပြင် ဒီကာလအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေလည်းရှိခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းခဲ့ရတာလည်း ဖြစ်ပါတယ် ။ စိတ်ထိခိုက်စရာတွေ အများအပြားကြုံတွေ့ရတဲ့ အခုလိုအချိန်မှာ ပြည်သူတွေကို စိတ်ကြည်နူးသွားစေခဲ့တဲ့ ပုံရိပ်တစ်ချို့ကလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc

ဒီပုံတွေကတော့ အနှီးထုပ်ထဲက လသားအရွယ် ကလေးငယ်တစ်ယောက်ကို ကိုရင်လေးတွေက ဝိုင်းအုံကြည့်ပြီး နို့ဘူးတိုက်ကျွေးနေတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ် ။ မေတ္တာတရားကြီးမားတဲ့ ဆရာတော်တစ်ပါးရဲ့အရိပ်အောက်မှာ သီတင်းသုံးနေထိုင်ကြတဲ့ ကိုရင်တွေကတော့ ကလေးငယ်လေးကို သူတို့တတ်စွမ်းသလောက် ပြုစုစောင့်ရှောက်ပေးနေကြတာပဲ ဖြစ်ပါတယ် ။ ဒီမြင်ကွင်းကို သူတို့ရဲ့ဆရာတော်ဘုရားကလည်း အမိအရရိုက်ကူးပြီး မှတ်တမ်းတင်ထားလိုက်နိုင်တာ ဖြစ်ပါတယ် ။

Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc

ဆရာတော်ဘုရားက "ပင်ပန်းလို့ ရေခဏသွားချိုးတယ် အံမယ် ပြန်လာတော့ ဒီအခြေနေဗျာ....???မေတ္တာဆိုတာ ကြီးငယ်မဟူ အေးချမ်းစေသောအရာ " ဆိုပြီး ပုံတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ ကလေးငယ်တစ်ယောက်အပေါ်မှာ မေတ္တာတရားနဲ့လွှမ်းခြုံပြီး ဝန်းရံစောင့်ရှောက်ပေးနေတဲ့ ကိုရင်လေးတွေကိုကြည့်ရင်း ပြည်သူတွေလည်း ပီတိဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေရဲ့စိတ်ပင်ပန်းမှုတွေကို ခဏတာ ပြေပျောက်သွားစေနိုင်လောက်အောင် ကြည်နူးစရာကောင်းလွန်းတဲ့ ကိုရင်ငယ်လေးတွေရဲ့ ပုံရိပ်တစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Ayemyamyit Tar's FB Acc

Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Photo Credit-Ayemyamyit Tar's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T