သူရဲကောင်းလေးညီညီအောင်ထက်နိုင် ကျဆုံးသွားတဲ့နေရာလေးမှာ ထူးဆန်းစွာနဲ့ ညတိုင်းလာပြီး ထိုင်နေတတ်တဲ့ ကြောင်လေးတစ်ကောင်

//s9.kh1.co/3f/3f1c6fbcc6eeefb79912b8be114f997a706ead0f.jpeg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သူရဲကောင်းလေးညီညီအောင်ထက်နိုင် ကျဆုံးသွားတဲ့နေရာလေးမှာ ထူးဆန်းစွာနဲ့ ညတိုင်းလာပြီး ထိုင်နေတတ်တဲ့ ကြောင်လေးတစ်ကောင်

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်လိုက်တဲ့ ဒီအခြေအနေကြီးကတော့ ပြည်သူတွေရဲ့စိတ်ထဲကို ဒီနေ့အချိန်ထိတိုင် လွှမ်းမိုးထားဆဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း အမှန်တရားအတွက်ရင်ဆိုင်နေကြတာဖြစ်လို့အားမလျော့ကြသေးဘဲ အကုန်လုံး စည်းစည်းလုံးလုံးရှိနေကြဆဲပဲဖြစ်ပါတယ်။ဒီတစ်လကျော်အတွင်းမှာဆိုရင်လူထုလှုပ်ရှားမှုတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်း အယောက်(၅၀)ကျော် ရှိနေပြီဖြစ်လို့ ပြည်သူလူထုကတော့ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။ပြည်သူတွေကလည်းကျန်ရစ်သူမိသားစုဝင်တွေကို အားပေးစကားတွေနဲ့ နှစ်သိမ့်ပြီး ကူညီစောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဖေဖော်ဝါရီလ(၂၈) ရက်နေ့က လှည်းတန်းမှာ ဝမ်းဗိုက်ကို ကျည်ဆံထိပြီး ကျဆုံးသွားတဲ့ သူရဲကောင်း ညီညီအောင်ထက်နိုင်ဆိုရင် အသက်(၂၃)နှစ်လေးပဲရှိပါသေးတယ်။ညီညီကျဆုံးသွားတဲ့နေရာလေးမှာ ပြည်သူတွေက ဆီမီးတွေထွန်းပေးပြီး ပန်းလေးတွေပါပြင်ဆင်ပေးထားကြတာဖြစ်ပါတယ်။အခုလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အနာဂတ်ရဲ့ကြယ်ပွင့်လေးဆုံးရှုံးသွားရတာကြောင့် မိသားစုဝင်တွေကလည်း အရမ်းခံစားခဲ့ရတာဖြစ်ပါတယ်။ညီညီ့ရဲ့အမွှာအစ်ကိုကလည်း သူ့ရဲ့တစ်ဦးတည်းသောညီလေးကို အရမ်းချစ်ပြီး အတူရှိစဉ်တုန်းက အမှတ်တရတွေကို ပြန်တွေးကာ သတိရနေတာဖြစ်ပါတယ်။ကျဆုံးသွားတဲ့ သူရဲကောင်းလေးညီညီကတော့ တိရိစ္ဆာန်လေးတွေကိုလည်းကြင်နာတတ်တာကြောင့် ကြောင်လေးတစ်ကောင်ကိုလည်း မွေးထားတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ညီညီမွေးထားတဲ့ကြောင်လေးဆိုရင် သခင်မရှိတော့တဲ့အချိန်မှာ ဓာတ်ပုံလေးအရှေ့ကိုသာသွား​ပြီးအိပ်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း လှည်းတန်းက ညီညီကျဆုံးသွားတဲ့ နေရာလေးမှာ ကြောင်လေးတစ်ကောင်က ညတိုင်းလာနေတာဖြစ်ပါတယ်။ကြောင်လေးကတော့ အဲ့နေရာလေးမှာ ငြိမ်ငြိမ်လေးသာထိုင်ပြီး အဖော်ပြုပေးသလိုမျိုး နေနေတာဖြစ်ပါတယ်။ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ ညီညီ့ကိုတော့ ပြည်သူလူထုက ယနေ့အချိန်ထိတိုင်အောက်မေ့သတိရနေဆဲဖြစ်ပြီး သူကျဆုံးသွားတဲ့နေရာလေးမှာလည်း ပန်းလေးတွေကို အမြဲမပြတ်ထားပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T