အလှူလုပ်ဖို့အတွက် စျေးမှာကြက်သွန်သွားဝယ်ရင်း အလကားပေးလိုက်တဲ့ဆိုင်ရှင်ကြောင့် အရမ်းဝမ်းသာသွားရတဲ့ စူးရှထက်

//s9.kh1.co/df/df0f23741c42b86fcf46628203b9c8d3aae2bcef.jpeg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အလှူလုပ်ဖို့အတွက် စျေးမှာကြက်သွန်သွားဝယ်ရင်း အလကားပေးလိုက်တဲ့ဆိုင်ရှင်ကြောင့် အရမ်းဝမ်းသာသွားရတဲ့ စူးရှထက်

Modelတစ်ယောက်အဖြစ် အနုပညာလောကမှာရပ်တည်နေတဲ့ စူးရှထက်ကတော့ လက်ရှိအခြေအနေမှာဆိုရင်သူမပါဝင်နိုင်တဲ့နေရာကနေ တစ်တပ်တစ်အားပူးပေါင်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။စူးရှထက်က သူမကြိုးစားရှာဖွေပြီး စုဆောင်းထားတဲ့ပိုက်ဆံတွေနဲ့ အခုချိန်မှာ တတ်နိုင်သလောက်လှူဒါန်းနေတာဖြစ်ပါတယ်။လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်နေကြတဲ့ ပြည်သူတွေအတွက်လည်း သူမက အဟာရပြည့်ဝမယ့်အစားအသောက်တွေကို စေတနာအပြည့်နဲ့ လိုက်ဝေပေးနေတာဖြစ်ပါတယ်။ 

Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 

စူးရှထက်က နေ့ဘက်မှာဆိုလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်သလို ညဆိုလည်းသံပုံးတီးပြီး အမှန်တရားအတွက် ရဲရင့်စွာ ရင်ဆိုင်နေတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူတွေနဲ့တစ်သားတည်းရှိနေတဲ့ သူမကို ပရိသတ်တွေကပိုပြီးချစ်နေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ သူမက အလှူတွေကို နေ့တိုင်းလုပ်ဆောင်ပြီးအခုလိုကာလမှာ အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း စူးရှထက်ကအလှူလုပ်ဖို့အတွက် စျေးမှာကြက်သွန်သွားဝယ်ရင်း ဆိုင်ရှင်အစ်မကြီးက အကုန်လုံးအလကားပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 

အခုလိုအချိန်မျိုးမှာ ပြည်သူတွေကလည်း သဒ္ဒါတရားထက်သန်ကြပြီး မိမိတတ်နိုင်သလောက်ကိုပါဝင်အားဖြည့်ကြတာဖြစ်ပါတယ်။စူးရှထက်က စျေးပဲလျော့ခိုင်းတာကို ကြက်သွန်တွေအလကားပေးလိုက်တဲ့ ဆိုင်ရှင်ရဲ့အလှူလေးကြောင့် အရမ်းပီတိဖြစ်ပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေလည်း သာဓုခေါ်လို့ရအောင်မျှဝေလာတာဖြစ်ပါတယ်။ပြည်သူလူထုက​တော့ ဘယ်အရာမဆို အရမ်းစည်းလုံးကြပြီး အလှူအတန်းဆိုလည်းရက်ရောကြလို့ မြန်မာလူမျိုးတွေရဲ့စိတ်ထားက လေးစားစရာကောင်းလှပါတယ်။

Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 
Photo Credit:Zar Chi’s Facebook Acc 

Source&Photo Credit:Zar Chi’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T