ဘူတာရုံတွေနဲ့ မီးရထားတွေပေါ် ရောင်းချတဲ့ အစားအစာတွေဟာ စားသုံးဖို့မသင့်တော်ဘူးလို့ တရားဝင်အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ကြောင်း Zee Business မှာဖော်ပြထားပါတယ်။

အိန္ဒိယ ငွေစာရင်းကြီးကြပ်ရေးနဲ့ စာရင်းစစ်ချုပ်(CAG)ရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံရှိ မီးရထားအစီးရေ (၈၀)နဲ့ဘူတာရုံ (၇၀)ကျော်မှာ စစ်ဆေးချက်အရ အချို့ အစားအစာတွေဟာ အဆိပ်သင့်နေပြီး ထုတ်ပိုးထားတဲ့ အစားအစာတွေဟာလည်း ရက်လွန်နေတယ်လို့ ဖော်ပြထားတာပါ။

ဘူတာအတွင်းဗန်းထဲထည့်ရောင်းတဲ့ အစားအစာတွေမှာလည်း ယင်ကောင်တွေ၊ ကြွက်တွေနဲ့ ပိုးဟတ်တွေနားထားတာကြောင့်မသန့်စင်ဘူးလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကြီးမားဆုံး မီးရထားကွန်ရက်တွေရှိတဲ့ နို်င်ငံတွေထဲက တစ်နို်င်ငံဖြစ်ပြီး နှစ်စဉ် ရထားစီးခရီးသည် သန်း(၂၀)ကျော် ရှိပါတယ်။

Aung 

သတင်းအရင်းမြစ် Zee Business

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။