လူ့အသိုင်းဝိုင်းထဲတွင် တန်ဖိုးထားအလေးပေးခြင်း ခံရတဲ့ မိန်းကလေးတွေအား ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ အေးမြတ်သူ

//s9.kh1.co/e4/e4ab3630955a5e4577f3634418ac4ae70240f7f4.jpeg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီး  အေးမြတ်သူကတော့  လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက  လူထုလှုပ်ရှားမှုတွေမှာ  တစ်ထောင့်တစ်နေရာကနေ  ပါဝင်ဆောင်ရွက်နေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်ပြီး  အမှန်တရားဘက်ကနေ  ရပ်တည်ပေးရုံသာမကဘဲ  ဖမ်းဆီးခံထားရတဲ့  ကျောင်းသား ၊ ကျောင်းသူတွေများအား  အမြန်ဆုံး လွှတ်ပေးရန်  တောင်းဆိုနေတာလည်း  ဖြစ်ပါတယ်။  ပြည်သူတွေဘက်ကနေ  မားမားမတ်မတ်  ရပ်တည်ပေးနေတဲ့  အေးမြတ်သူကိုလည်း  ပြည်သူတွေက   ချီးကျူးလေးစားနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 

လက်ရှိမှာ  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ကျောင်းသားတွေ  ရာချီရှိနေပြီး  အမြန်ဆုံး လွတ်မြောက်ဖို့အတွက်  အနုပညာရှင်များနဲ့  ပြည်သူများအားလုံးက  ဝိုင်းဝန်းကာ  တောင်းဆိုနေကြတာလည်း  ဖြစ်ပါတယ်။  အခုဆိုရင်   မိန်းကလေးတွေကို   မတရားသဖြင့်  ရိုက်နှက်ဖမ်းဆီး ခံနေရတာကိုလည်း  မြင်တွေ့ကြရမှာပါ။  ဒီလိုလုပ်ရက်မျိုးတွေ  မလုပ်သင့်ကြောင်းကိုလည်း  အေးမြတ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အပြင်းအထန် ရှုံ့ချကြောင်းရေးသားထားတာပဲ   ဖြစ်ပါတယ်။

Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 

မိန်းကလေးတွေဟာ  လူ့အသိုင်းဝိုင်းထဲတွင်  အလေးပေး  တန်ဖိုးထားခံနေရသူတွေပဲ  ဖြစ်ပါတယ်။  ဒီလိုမိန်းကလေးတွေကို  ရိုက်နှက်ခြင်း၊ မျက်နှာတွေကို  ဆောင့်ကန်ခြင်းနဲ့ sexual attack လုပ်ခြင်းဟာ  ဘယ်သူမှလက်ခံလို့မရတဲ့ အခြေအနေတွေဖြစ်တာကြောင့်   အခုလို လုပ်ရက်တွေ  မလုပ်ကြဖို့  အားလုံးက  မေတ္တာရပ်ခံတောင်းဆိုနေကြတာပဲ  ဖြစ်ပါတယ်။  အားလုံးလည်း  သိရှိနိုင်ရန်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်လိုက်ရပြီး  မြန်မာပြည်ကြီး  အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။

Source and Photo Crd-Aye Myat Thu’s Facebook Page 

Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Photo Crd-Aye Myat Thu’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T