လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အမျိုးမျိုးပေးဆပ်သွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက်အလှူငွေတွေလှူဒါန်းခဲ့တဲ့ ချင်းတိုင်ရင်းသူလေး နီလန်း

//s9.kh1.co/17/17d5f81cc23a1b71576b68bec45dfc6cd2da1a97.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိတဲ့အသံချိုချိုလေးတွေကြောင့် Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ အဆိုတော်မလေး နီလန်းကိုတော့ ပရိသတ်တွေနဲ့အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်သလို ချင်းတိုင်းရင်းသူလေးလည်းဖြစ်တဲ့ နီလန်းကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည်နေသလို တတ်နိုင်တဲ့ဘက်ကနေလည်း လှုပ်ရှားမှုတွေ ပြုလုပ်နေသူပါ..။

Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc

အနာဂတ်နဲ့အမှန်တရားတွေအတွက် ကြိုးစားရင်ဆိုင်နေကြတဲ့ပြည်သူတွေအားလုံးနဲ့အတူ နီလန်းကလည်း လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားနေပြီး အလှူလေးတွေကို တတ်အားသရွေ့လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကျဆုံးသွားတဲ့သူရဲကောင်းတွေအပြင် အသက်မဆုံးရှုံးပေးပေမယ့်လည်း အမျိုးမျိုးပေးဆပ်ခဲ့ကြတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက် ချင်းတိုင်းရင်းသားဂီတမောင်နှမတွေ ဦးဆောင်ပြီးပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့အတူ စုပေါင်းလှူဒါန်းထားတာ ဖြစ်ပါတယ်..။

Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc

"ဒီနေ့ အားလုံးကိုယ်စား

Nicholas Jenevy Sui David Lai Nilen တို့

ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဖြစ်တာလေးတွေပါ...

ချင်းဂီတမောင်နှမများ ဦးဆောင်းပြီး

ပြည်တွင်းပြည်ပ ကနေ တကယ့်ကို လှူချင်တဲ့စိတ်နဲ့ အလှူလေးတွေပါဝင်ပေးကြတဲ့ စေတနာရှင်များနဲ့အတူစုပေါင်း လှူဒါန်းခြင်းများဖြစ်ပါတယ်...

အလှူရှင်များအားလုံး ဒီထက်မက လှူနိုင်ကြပါစေ...

စုပေါင်း အလှူငွ စုစုပေါင်း - သိန်း 110 ရရှိခဲ့ပါတယ် (4ရက်အတွင်း)

ကျန်ရှိတဲ့ အလှူငွေများကိုလည်း သေသေချာချာ Manage လုပ်ပြီး တကယ်လိုအပ်တဲ့သူတွေကို ထပ်ပြီးလှူပါမယ်...

ပြိုင်တူတွန်းရင် ရွေ့ပါတယ်...

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်...

ဘုရားသခင်ကောင်းချီးပေးပါစေ ??

အရေးတော်ပုံ အောင်ရမည် ✊?.." ဆိုပြီး သူမတို့ရဲ့ အလှူလေးကို နီလန်းက ဝေမျှထားတာပါ..။

Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc
Photo Credit - Nilen - နီလန်း Fb Acc

သတင်း အရင်းအမြစ်Nilen - နီလန်း Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T