ယနေ့ (၁၁.၃ .၂၀၂၁)ရက်နေ့မနက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့တဲ့ မြောက်ဒဂုံဖြိုခွင်းမှုနဲ့ပက်သက်ပြီး Twitterမှာပျံ့နှံ့လာခဲ့တဲ့ သတင်းအကြောင်းအရာများ

//s9.kh1.co/db/dbff2f2c9a7098aec5e0f476a4bd2f320210b981.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားကာလူထုလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေကြတာကို တွေ့မြင်ကြမယ်ထင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လုပ်ဆောင်နေကြတဲ့ ဒီလှုပ်ရှားမှုကြီးမှာဆိုရင် ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်းဟာ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေးပါ၀င်နေကြတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၃၀ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

လူထုလှုပ်ရှားမှုကြီးမှာဆိုရင် လူငယ်တွေအတော်များများပါ၀င်နေကြတာဖြစ်ပြီး တစ်ရက်ပြီးတစ်ရက်လည်း အခက်အခဲအတားအဆီးတွေများစွာနဲ့တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ပြည်သူလူထုဘက်ကလည်း အကာအကွယ်တွေကိုယ်စီနဲ့ လူထုလှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပြီး တစ်ဖက်ကလည်းဖြိုခွင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ကာ ထိခိုက်ကျဆုံးမှုတွေများပြားလာတာကိုတွေ့ရပါတယ်နော်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ယနေ့ မတ်လ (၁၁)ရက်နေ့မှာဆိုရင် မြောက်ဒဂုံမြို့နယ်အတွင်းမှာဖြိုခွင်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးသူအချို့ရှိခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်သူလုထုအနေနဲ့လည်း ဒီအကြောင်းအရာတွေကို social media platformsတစ်ခုဖြစ်တဲ့ Twitterကနေ ကမ္ဘာကသိအောင်ဆက်တိုက် တင်ပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ပရိသတ်တွေအတွက် ဒီသတင်းအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T