လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းများအတွက် ငါးထမင်းနယ် ထမင်းလုံးတွေကို ကိုယ်တိုင် ပြင်ဆင်ပြီး လှူဒါန်း ကုသိုလ် ပြုနေတဲ့ ရေဗက္ကာဝင်း

//s9.kh1.co/7f/7f96e71c76275cf7ecdf967ab3894ee0664666b7.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ရေဗက္ကာဝင်းကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေ အကြိုက်သီချင်းများကို သီဆိုလေ့ရှိပြီး ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူပဲ ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ နွေဦးတော်လှန်ရေးဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ကာ အားမာန်အပြည့်နဲ့ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုကြီးက တစ်လကျော်လာပြီဖြစ်ပေမယ့်လည်း ပြည်သူတွေကတော့ သွေးမအေးပဲ မလျော့သော ဇွဲလုံလတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးဖရင်း ဆက်လက်ချီတတ်နေကြတုန်း ပဲဖြစ်ပါတယ်။

Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account

လူထုလှုပ်ရှားမှုတွေက အားကောင်းလာသလို တစ်ဖက်တွင်လည်း နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်များနဲ့ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေကလည်း အများအပြားရှိလာတာ ပဲ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးတွင် ရေဗက္ကာဝင်းကလည်း တစ်ဖက်တစ်လမ်းကနေ နေပူထဲတွင် လူထုလှုပ်ရှားမှုကို အားတတ်သရော ပြုလုပ်နေကြတဲ့ ပြည်သူလူထုကြီးအတွက် စားစရာ သောက်စရာများနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် ကူညီပံပိုးပေးနေတာလည်း တွေ့ရပါတယ်။

Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account

ဒီနေ့မှာဆိုရင်လည်း ရေဗက္ကာဝင်းက ကိုယ်တိုင်သွားမလှူနိုင်ပေမယ့်လည်း အိမ်မှာတော့ ချက်ပြုတ်ပြင်ဆင်နေတာကို သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင်"ဒီနေ့အတွက် ငါးထမင်းနယ် ထမင်းလုံးတွေနဲ့ ညဘက်ကင်းစောင့်ကြမယ့် လူကြီးလူငယ်တွေအတွက်ရော နွေရာသီအတွက် မီးသတ်ဆေးဗူးတွေရော လှူဒါန်းပါတယ်?ကိုယ်တိုင်ကိုယ်ကျ သွားမလှူနိုင်လို့ လာယူပေး ကိုယ်တိုင်ကိုယ်ကျထွက်လှူပေးတဲ့ မောင်လေး ညီမလေးတွေလဲ ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်?"ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် တစ်ဆင့်ပြန်လည် မျှဝေပေးရင်း မြန်မာပြည်သူပြည်သားများအားလုံး ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းမှုပြုပါတယ်?????

Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account
Photo Credit - Rebecca Win FB Account

သတင်း အရင်းအမြစ်Rebecca Win FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T