လူထုလှုပ်ရှားမှုပြုလုပ်ရင်း အသက်ပေးသွားခဲ့ရတဲ့မြောက်ဒဂုံက သူရဲကောင်းညီလေးအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေတဲ့ ဟဲလေးနဲ့ရန်ရန်ချမ်း

//s9.kh1.co/e3/e3bbcba61256d922ebd9759a04daa28d00905cf5.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုပြုလုပ်ရင်း အသက်ပေးသွားခဲ့ရတဲ့မြောက်ဒဂုံက သူရဲကောင်းညီလေးအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေတဲ့ ဟဲလေးနဲ့ရန်ရန်ချမ်း

ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးကို ရဲရင့်ပြတ်သားတဲ့သူရဲကောင်းစိတ်ဓာတ်တွေနဲ့ ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပြီး ဖြိုခွင်းခံရမှုတွေ​ကြောင့် ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းတွေလည်း များစွာရှိနေခဲ့ပါတယ်။ ယနေ့မှာလည်း မြောက်ဒဂုံ၊မြိုင်နဲ့ မန္တလေးစတဲ့ နေရာမှာ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ပြည်သူအချို့ အသက်ပေးသွားခဲ့ရပါတယ်။ ပြည်သူတွေကတော့ ယနေ့မှာ ဆုံးပါးသွားကြတဲ့ ရဲရဲတောက်သူရဲကောင်းတွေအတွက် အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Yan Yan Chan ' s Facebook Acc
Photo Credit: Yan Yan Chan ' s Facebook Acc
Photo Credit: Naing Lin Aung ' s Facebook Acc
Photo Credit: Naing Lin Aung ' s Facebook Acc

နိုင်ငံအတွက် အသက်ပေးသွားခဲ့ရတဲ့ မြောက်ဒဂုံကသူရဲကောင်းညီလေးရဲ့ ဇနီးသည်ဟာ ၂လသားအရွယ် ကိုယ်ဝန်ကို လွယ်ထားရပါတယ်။ ယခုမှာတော့ ဟဲလေးနဲ့ ရန်ရန်ချမ်းတို့၂ယောက်ဟာ ​ နွေဦးတော်လှန်ရေးဆင်နွှဲရင်း မြောက်ဒဂုံမှာကျဆုံးသွားတဲ့ သူရဲကောင်းညီလေးအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ဟဲလေးကတော့ " ဒဂုံမြောက်အတွက်နာကျင်ရပြန်ပြီ​ကောင်းရာသုဂတိလားပါ​စေညီ​လေးရယ် "ဆိုပြီး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Yan Yan Chan ' s Facebook Acc
Photo Credit: Yan Yan Chan ' s Facebook Acc
Photo Credit: Naing Lin Aung ' s Facebook Acc
Photo Credit: Naing Lin Aung ' s Facebook Acc

ရန်ရန်ချမ်းကတော့ "မြောက်ဒဂုံကရော / မြိုင်ကရောညီလေးတွေရေ ကောင်းရာမွန်ရာရောက်ကြပါစေကွာ ဒီမနက်ဘာသံမှမကြားရလို့ စည်းရုံးပေးရာလည်းရောက်ပေါ့ပေါ့ပါးပါးလည်းဖြစ်မယ့် post လေးတွေတင်နေတာ sorry ပါကွာ....... ငါတို့ဘယ်တော့မှပေါ့မသွားဘူး ဂတိပေးတယ် " ဆိုပြီး မြောက်ဒဂုံမှာ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းညီလေးအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းမိကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကို အားမာန်အပြည့်ဆင်နွှဲနေတဲ့ မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း အမြဲဆုတောင်းပေးလျက်ရှိနေပါတယ်။

Source: Naing Lin Aung / Yan Yan Chan ' s Facebook Acc

Photo Credit: Yan Yan Chan ' s Facebook Acc
Photo Credit: Yan Yan Chan ' s Facebook Acc
Photo Credit: Naing Lin Aung ' s Facebook Acc
Photo Credit: Naing Lin Aung ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T