လူထုလှုပ်ရှားမှုမှာ အသက်စတေးသွားကြတဲ့ ပြည်သူတွေဟာ အမြဲတောက်ပနေမယ့် ကြယ်ပွင့်ကလေးတွေ ဖြစ်ကြောင်း ပြောပြလာတဲ့ မင်းမော်ကွန်း

//s9.kh1.co/83/83fbf29c90a4be3b6b6a5c82dac2aeb12a0d7345.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ဆယ်စုနှစ် တစ်စုကြာ အောင်မြင်ခဲ့ပြီး ယနေ့ချိန်ထိတိုင်အောင် အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော မင်းမော်ကွန်း ကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။ ဇာတ်ရုပ်တိုင်းကို ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေး ထောက်ခံ မှုကို ရရှိခဲ့တာဆိုရင်လည်း မမှားပါဘူး။ လက်ရှိ အချိန်မှာတော့ မင်းမော်ကွန်းဟာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပရိသတ်တွေ နဲ့ အတူ ပြည်သူ့လှုပ်ရှား မှုတွေ မှာ ရှေ့ဆုံးကနေ ပါဝင်အားဖြည့်ပေးနေတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account

လက်တလော မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်သူ့လှုပ်ရှားမှုတွေမှာ ပြည်သူထဲက ပြည်သူတစ်ယောက် အနေနဲ့ တက်ကြွစွာ ပါဝင်နေပြီး အားလုံးနည်းတူ ခံစားချက် အပြည့်နဲ့နွေဦးတော်လှန်ရေးမှာ ခုခံကာကွယ် နေတာပဲ ဖြစ်ပါတယ်။ ဒီအရေးကတော့ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တာ ကြောင့် နိုင်ငံသားတစ်ဦးအနေနဲ့ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ တော်လှန်ရေးမှာ အသက်စတေး လိုက်ရတဲ့ အာဇာနည်တွေဟာ အမြဲ တောက်ပနေမယ့် ကြယ်ပွင့်ကလေးတွေ ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် ဂုဏ်ပြု ပြောဆိုလာတာ ပဲ ဖြစ်ပါတယ်။

Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account

မင်းမော်ကွန်းကတော့ သူရဲ့ လူမှုကွန်ယက့စာမျက်နှာမှာ

"မြိုင် နဲ့ မြောက်ဒဂုံက အာဇာနည်များ

ရှိသမျှ မြို့တိုင်း ရပ်ကွက်တိုင်းမှ

တော်လှန်ရေးအတွက်

အသက်ကို စတေးခဲ့ကြသော

အာဇာနည် အားလုံးတို့သည်

တကယ်တော့ ကျဆုံးခြင်းမဟုတ်ပါ

အာဏာရှင်စနစ်ဆိုးကြီးမှ

လွပ်မြောက်သွားသူများ

နွေဦးတော်လှန်ရေးအတွက်

အမြဲတောက်ပနေမည်ဖြစ်သော

ကြယ်ပွင့်များသာဖြစ်ပါသည်

ဝမ်းနည်းနာကျင်ရပါသည်

လေးစားဂုဏ်ပြုအပ်ပါသည်....." ဆိုပြီး အသက်စတေးလိုက်ရတဲ့ ပြည်သူတွေဟာ သူရဲကောင်းတွေ ဖြစ်ပြီး နွေးဦးတော်လှန်ရေး အတွက် အမြဲတောက်ပနေမယ့် ကြယ့်ပွင့်ကလေးတွေသာ ဖြစ်ကြောင်း ဂုဏ်ပြုပြောဆို လာတာကို ပရိသတ်တွေ အတွက် ပြန်လှည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account
Photo Crd - Kyaw Kyaw Htay Lwin's FB account

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T