တာမွေမြို့နယ်မှ ကြိုက်တာယူ ကြိုက်သလောက်လှူ နာကျင်ရသူများအတွက် အကူအညီ

//s9.kh1.co/b4/b40dca66f0d20c2a65f602124b36901532355ded.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် လက်‌တလော ဖြစ်ပေါ်နေသောကိစ္စကြောင့် ပြည်သူတွေဟာ ယနေ့တိုင် ငြိမ်းချမ်းစွာ ဆန္ဒပြ‌လျက်ရှိကြပါတယ်။ ယနေ့ချိန်ထိ ကျဆုံးသူများပြားနေပေမယ့်လည်း ပြည်သူတွေဟာ စည်းလုံးစွာ အတူတကွ ရပ်တည်နေကြတုန်းပါပဲ။ ဖြိုခွဲခံရမှုများလည်း ရှိနေပေမယ့် မလျော့သောဇွဲတွေနဲ့အတူ Generation XYZ တွေဟာ အတူတကွ ညီညွတ်စွာ ဆန္ဒထုတ်ဖော်ပြသလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ed/ed5a7c83dd2d74e5451eb4e25ea46ca2eeea96a8.jpg
https://s9.kh1.co/__image/w=650,h=526,q=100/cd/cd785420ef283d3001103453b7f81528dc953bde.jpg
https://s9.kh1.co/__image/w=650,h=650,q=100/c3/c30c3d101ee1f86cfcff0d488a9ab250113e5709.jpg

တစ်ဖက်မှာလည်း လိုအပ်‌တာတွေကို လှူပေးနေကြတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ ဆန္ဒပြ ပြည်သူတွေထဲက ခုခံကာကွယ်ဖို့ရှိနေကြတဲ့ ရှေ့တန်းက လူငယ်တွေအတွက် လှူဒါန်းတာတွေ ငြိမ်းချမ်းစွာ ဆန္ဒပြ‌ေနသူတွေအတွက် ရေဗူးနဲ့အစားအစာတွေ ပေဝေတဲ့သူရှိသလို ကိုယ်တက်နိုင်ရာ နေရာကနေလည်း ပါ၀င်လှူဒါန်းသူတွေရှိပါတယ်။ ခုဆိုရင်လည်း ပြည်သူတိုင်း ပါဝင်လို့ရမယ့် တာမွေမြို့နယ် ကျားကွက်သစ်မှ "ကြိုက်တာယူ ကြိုက်သလောက်လှူ နာကျင်ရသူများအတွက် အကူအညီ" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လှူဒါန်းနေသူတစ်ယောက်ကို တွေ့ရှိရမှာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/2b/2ba566a914c3521dba67e9f3ddf25af97958b135.jpg
https://s9.kh1.co/__image/w=650,h=650,q=100/16/1690074eabaa3e85c9d6ca021a61323cacaa8086.jpg

"ကျွန်တော်က သာယာဝတီ ဘက်ကပါ။ ရန်ကုန် စတက်လာတော့ ပိုက်ဆံတောင် မပါပါဘူး။ Facebook က သူငယ်ချင်းတွေရယ် နောက်ပြီး အကိုအမ တွေ ထောက်ပံ့မှုနဲ့ တတ်နိုင်သလောက် လိုက်ပံ့ပိုး ဖြစ်တာပါ။ ပထမတော့ သူငယ်ချင်းတွေ ဆီမှာ သွားအလှူခံတယ်။ လိုက်ပံ့ပိုးတယ် နောက်ပိုင်းတော့ ပိုက်ဆံက မနိုင်တော့ဘူး။ ကျွန်တော့်မှာ စာပေ group လေးရှိပါတယ်။ ကျွန်တော် admin လုပ်ပါတယ်။ ကိုယ်မှာ ရှိတာလည်း စာအုပ်တွေပဲ ရှိတာဆိုတော့ စာအုပ်တွေ ချရောင်းပြီး လှူကြမယ် ဆိုပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး လှူဖြစ်သွားတာပါ။ စာပေသူငယ်ချင်း အသိုင်းအဝိုင်းလည်း များတော့ ... အမရေ အကိုရေ ဆိုပြီး စာအုပ်တွေ အလှူခံပြီး ဒီလိုအလှူလေး ပြန်လုပ်ဖြစ်တာပါ အစောပိုင်းကတော့ CDM သမားတွေကို နိုင်သလောက်လေး ထောက်ပံ့ဖြစ်ပါတယ် လက်ရှိမှာတော့ တောင်ဥက္ကလာမှာ ဆေးရုံတက်နေတဲ့ သူတွေ ရှိပါတယ်။ သူတို့တွေ က အတော့်ကို အဆင်မပြေဘူးဖြစ်နေတယ်။ ဒါကြောင့် တဖက်တလမ်းက ဆေးဖိုးလေးများ ထောက်ပံ့လို့ရအောင် ဒီလိုလေး လုပ်ဖြစ်တာပါ။ ဒီအရေးတော်ပုံကြီး မပြီးမချင်း နိုင်တဲ့ဘက်ကနေ သွားမှာပါ။ ဒီလိုမျိုးအလှူလေးကို ကျွန်တော်သူငယ်ချင်းတွေ ဆိုရင် ကျောက်ပန်းတောင်း နဲ့ မိတ္တိလာ မှာ ခုလုပ်နေပါတယ် မန္တလေးမှာလည်း ကျွန်တော့်သူငယ်ချင်းတွေ မနက်ဖြန် စလုပ်မှာပါ။ ကျွန်တော်တို့က လူငယ်တွေပါ နိုင်ငံရေးလည်း သိပ်နားမလည်ပါဘူး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် တွန်းပြီးတော့ ရွေ့ရမှာပေါ့ ပြိုင်တူတွန်းတော့ ရွေ့ပါတယ် ကျေးဇူးတင်ပါတယ်" လို့ အဆိုပါ အကူအညီကို စီစဉ်ထောက်ပံ့သူမှ ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/2b/2b52aeeeaa6f0a631c83d39e38c0c1ded0ec4856.jpg
https://s9.kh1.co/__image/w=650,h=650,q=100/86/8668589d54e8aefa9518988cf974b64a74f13b7b.jpg
https://s9.kh1.co/__image/w=650,h=650,q=100/38/3888141c506283c7f61cee3b04f271d5d26ad1b8.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T