နွေဦးတော်လှန်ရေးမှာ ကြွေလွှင့်ခဲ့ရတဲ့ သူရဲ ကောင်းတွေ အတွက် ကျွန်တော်တို့ လက်တွေ ခိုင်ခိုင်တွဲထားကြရအောင် ဆိုတဲ့ အကြောင်းကို ပြောပြလာတဲ့ ခါရာ

//s9.kh1.co/f3/f37f7c0dbec3b25d2d4b3cb0d100f50b095d0948.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်သရုပ်ဆောင် မင်းသားတစ်လက်ဖြစ်တဲ့ ခါရာကတော့ မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ရပ်ကြောင့် ဖေဖော်ဝါရီလ အစတည်းကနေ ပြည်သူလူထုတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲတွင် သတ္တိရှိရှိနဲ့ ရှေ့ကဦးဆောင်ကာ ပါဝင်လှုပ်ရှားနေခဲ့တာ ပဲဖြစ်ပါတယ်။ခါရာအပြင် အခြားသော အနုပညာရှင်များစွာကလည်း ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ အားသွန် ခွန်စိုက် ကြိုးစား နေကြသလို ပြည်သူ လူထုကလည်း မိမိတတ်နိုင်တဲ့ အင်အားနဲ့ အကောင်းဆုံး လုပ်ဆောင်နေကြတာ ပဲဖြစ်ပါတယ်။

Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page

ခါရာက အခုလိုအချိန်မျိုးတွင် အခြေအနေ အရပ်ရပ်ကြောင့် ပြည်သူတွေနဲ့ အတူ လမ်းမ ပေါ်ကို မထွက်နိုင်တော့ ပေမယ့်လည်း သူတတ်နိုင်သလောက် လူမူကွန်ယက်စာမျက်နှာကနေ သတင်းအချက်အလက်တွေကို ပြည်သူလူထုအတွက် အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာ ဖြစ်ပါတယ်။ပြည်သူတွေကလည်း ဒီနေ့အထိ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရတဲ့သူ များစွာရှိနေပေမယ့်လည်း စည်းလုံးညီညွှတ်စွာနဲ့ တောင့်ခံထားကာ အားမာန်အပြည့်နဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်နေတုန်း ပဲဖြစ်ပါတယ်။

Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page

မကြာသေးခင် နာရီပိုင်းအချိန်မှာတော့ ခါရာက အမှန်တရားဘက်ကနေ တူတူရပ်တည်ကာဒီထက်ပိုပြီး သွေးစည်းဖို့အကြောင်းကို သူရဲ့Facebook စာမျက်နှာထက်တွင်"ကျွန်တော်တို့ အခုလက်ရှိ ကြုံနေရတာထက် အဆပေါင်းများစွာ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ တိုင်းရင်း သားတွေကို ကိုယ်ချင်းစာ‌ပေးပါ။ နားလည်ပေးပါ။ကျွန်တော်တို့ အချင်းချင်း စည်းလုံးကြရအောင်။ဒီအချိန်က သွေးကွဲလို့ လုံးဝမရပါဘူး။အမှန်တရားဘက်မှာ အားလုံး အတူတူ ရပ်ကြရအောင်။အခုမနက်တင် မြောက်ဒဂုံ ၊ မန္တလေး ၊ ပဲခူး နဲ့ မြိုင် တို့မှာ အသက်ပေးခဲ့ရတဲ့ ပြည်သူတွေ အတွက် ၊ တော်လှန်ရေးမှာ ကြွေလွှင့်ခဲ့ရတဲ့ သူရဲကောင်းများ အတွက် ကျွန်တော်တို့ လက်တွေ ခိုင်ခိုင်တွဲထားကြရအောင် ဗျာ။"ဆိုပြီး ရေးသား ဖော်ပြလာတာ ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်။

Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page
Photo Credit -Khar Ra FB Page

သတင်း အရင်းအမြစ်Khar Ra FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T