အသက်အန္တရာယ်ကိုကာကွယ်ဖို့ စာအုပ်လေးတွေသာ ကျောပိုးအိတ်ထဲထည့်လွယ်ခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့နောက်ဆုံးကျန်ရစ်ခဲ့တဲ့ပစ္စည်းပုံရိပ်များ

//s9.kh1.co/b6/b64f51b66dedfff1db5e703ec56a9e6aa21504f0.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

အသက်အန္တရာယ်ကိုကာကွယ်ဖို့ စာအုပ်လေးတွေသာ ကျောပိုးအိတ်ထဲထည့်လွယ်ခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ပစ္စည်းပုံရိပ်များ

မတ်လ (၁၁)ရက်နေ့မှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားနေတာကြောင့် အားလုံးကလည်း စိတ်ထိခိုက်ပြီး ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။ မြောက်ဒဂုံမှာဆိုရင်လည်း သူရဲကောင်းတစ်ဦးက ဆန္ဒထုတ်ဖော်ရင်းနဲ့ အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။ သူကတော့ မြောက်ဒဂုံမှာနေထိုင်တဲ့ ကိုချစ်မင်းသူဖြစ်ပြီး လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ လူစုခွဲဖြိုခွင်းတဲ့အချိန်မှာ ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ခေါင်းကိုကျည်ထိမှန်ပြီး ကြွေလွင့်ခဲ့ရတဲ့ မြောက်ဒဂုံက သူရဲကောင်းမှာတော့ ကိုယ်ဝန်လွယ်ထားရတဲ့ဇနီးသည်နဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ် ။ သတင်းကြားကြားချင်းအချိန်မှာပဲ သားလေးကိုခေါ်ပြီးလိုက်လာခဲ့တဲ့ သူ့ရဲ့ဇနီးသည်ကလည်း ကွယ်လွန်သူခင်ပွန်းသည်အတွက် ရှိုက်ကြီးတငင်ငိုကြွေးရင်း ပူဆွေးနေရတာ ဖြစ်ပါတယ် ။ ကိုချစ်မင်းသူ ကျဆုံးခဲ့တဲ့နေရာမှာတော့ သူ့ရဲ့ဒိုင်းကာနဲ့အတူ စာအုပ်တွေထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးက လမ်းပေါ်မှာကျန်ရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader (el do)
Photo Credit-Original Uploader (el do)
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုချစ်မင်းသူက ကျည်ကာဖို့အတွက် သူ့ရဲ့လွယ်အိတ်ထဲမှာ စာအုပ်သုံးအုပ်သာထည့်ပြီး လမ်းပေါ်ကိုထွက်လာခဲ့သူပဲ ဖြစ်ပါတယ် ။ ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ကျေချင်ခဲ့တဲ့ ကိုချစ်မင်းသူက ဒိုင်းကာအဖွဲ့မှာပါဝင်ပြီး ရှေ့တန်းကနေ ရဲရဲရင့်ရင့်ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ပြည်သူတွေက ကိုချစ်မင်းသူနောက်ဆုံးလွယ်ခဲ့တဲ့ ကျောပိုးအိတ်ကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပေးရင်း စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။ မြောက်ဒဂုံကသူရဲကောင်းတစ်ဦးရဲ့နောက်ဆုံးကျန်ရှိခဲ့တဲ့ ပစ္စည်းပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploaders

Photo Credit-Original Uploader (Peter)
Photo Credit-Original Uploader (Peter)
Photo Credit-Original Uploader (Peter)
Photo Credit-Original Uploader (Peter)
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T