အမှားတရားတွေကြောင့် စိတ်အနှောက်အယှက်အဖြစ်မခံကြဘဲ အမှန်တရားအတွက် ရှေ့ဆက်ကြဖို့ ပြည်သူတွေကို ​ တိုက်တွန်းလိုက်တဲ့ ခင်ဝင့်ဝါ

//s9.kh1.co/85/85b949076ca592c7f133c4646fd4812d6fed376d.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

အမှားတရားတွေကြောင့် စိတ်အနှောက်အယှက်အဖြစ်မခံကြဘဲ အမှန်တရားအတွက် ရှေ့ဆက်ကြဖို့ ပြည်သူတွေကို ​ တိုက်တွန်းလိုက်တဲ့ ခင်ဝင့်ဝါ

ပြည်သူတွေကတော့ အခက်အခဲတွေမျိုးစုံရှိကြပေမယ့်လည်း နွေဦးတော်လှန်ရေးကို စိတ်အားထက်သန်မှုအပြည့်နဲ့  သတ္တိရှိရှိပါဝင်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တွေများစွာကလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ကြသလို ပြည်သူတွေလိုအပ်နေတဲ့ အကူအညီတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေကြပါတယ်။ မင်းသမီးခင်ဝင့်ဝါကတော့ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

photo  credit: khin wint wah ' s facebook page
photo credit: khin wint wah ' s facebook page
photo  credit: khin wint wah ' s facebook page
photo credit: khin wint wah ' s facebook page

ခင်ဝင့်ဝါက လူထုလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးလေ့ရှိတဲ့ သူမကတော့ နွေဦးတော်လှန်ရေးဆင်နွှဲရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံကို အလှူငွေတွေပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။ ယခုမှာတော့ ခင်ဝင့်ဝါတစ်ယောက်ဟာ အမှားတရားတွေကြောင့် စိတ်အနှောက်အယှက်အဖြစ်မခံကြဘဲ အမှန်တရားအတွက်ရှေ့ဆက်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

photo  credit: khin wint wah ' s facebook page
photo credit: khin wint wah ' s facebook page
photo  credit: khin wint wah ' s facebook page
photo credit: khin wint wah ' s facebook page
photo  credit: khin wint wah ' s facebook page
photo credit: khin wint wah ' s facebook page

သူမကတော့ " အမှားတရား တွေ ကြောင့် စိတ်အနှောက်အယှက် / အကုသိုလ် အဖြစ်မခံကြပါနဲ့ အမှန်တရားအတွက် ရှေ့ဆက်ကြမယ်တရားသော ဓမ္မ ကသာ အနိုင်ရ ရပါမည် အရေးတော် ပုံ အောင်ရမည် စစ်အာဏာရှင်စနစ် မုချ အမြန်ကျရှုံးပါစေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံး အေးချမ်းစွာနေထိုင်ရပြီး ပျော်ရွှင်ရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source : khin wint wah ' s facebook page

photo  credit: khin wint wah ' s facebook page
photo  credit: khin wint wah ' s facebook page
photo  credit: khin wint wah ' s facebook page
photo credit: khin wint wah ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T