မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်းဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်

//s9.kh1.co/d6/d65dad4424d0fe9806cbca691497a0f9b2181835.jpg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲအားပေးချစ်ခင်မှုတွေကို ရရှိထားသလို အလှူအတန်းတွေမှာလည်း ချွေးနည်းစာငွေကြေးလေးတွေနဲ့ တတ်နိုင်သလောက်လှူဒါန်းနေသူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ပဲ ဖြစ်ပါတယ်..။

စူးရှထက်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်ကြတဲ့ မီးရထားဝန်ထမ်းတွေအတွက် နေ့တိုင်းဟင်းချက်လှူတဲ့အပြင် စားသောက်ကုန်တွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်..။

အခက်အခဲအမျိုးမျိုးကြောင့် ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြတဲ့ မီးရထားဝန်ထမ်းသုံးရာကျော်အတွက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး အလှူပုံရိပ်လေးတွေကိုလည်း စူးရှထက်က ပရိသတ်တွေကို အသိပေးဝေမျှထားတာပါ..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"CDMမီးရထားဝန်ထမ်းတွေ ဘုန်းကြီးကျောင်းမှာ

သုံးရာကျော်လောက်ရှိပါတယ် စူးကတော့ နေ့တိုင်း

ဟင်းချက်လှူပေးတယ်?

ဒီနေ့စားစရာတွေလှူရှင် ကိုယ်စားသွားရောက်

လှူတန်းပေးခဲ့ပါတယ်

Thaw Dar Ooမိန်းရေဒီထက်မကလှူနိုင်ပါစေနော်

???သာဓု သာဓု သာဓု ❤️❤️❤️.." ဆိုပြီး အလှူလေးကို ဝေမျှထားတာပါ..။

စူးရှထက်တို့ရဲ့ ကုသိုလ်အလှူလေးကို ပရိသတ်တွေကလည်း ဝမ်းသာစွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေနဲ့အတူ ချီးကျူးနေကြတာလည်း အားလုံးတွေ့မြင်ရပါတယ်နော်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T