တန်ဖိုးရှိလှတဲ့ လူ့အသက်တွေ ဆုံးရှုံးခဲ့ရတာမို့ကာယံကံရှင်မိသားစုနဲ့ အတူထပ်တူထပ်မျှဝမ်းနည်းနေတဲ့ အကြောင်းကို ပြောပြလာတဲ့ အောင်မင်းခန့်

//s9.kh1.co/79/79531669d4712907b781922f7c090d982d5679b8.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.......ရုပ်ရှင် သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ အောင်မင်းခန့်ကတော့ MRTV -4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။အောင်မင်းခန့်က လက်ရှိအချိန်မှာဆိုရင်တော့ ပြည်သူထဲက ပြည်သူတစ်ယောက် ဖြစ်တာကြောင့် လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တစ်ခဲနက်ပါဝင် လုပ် ဆောင်နေတာ ဖြစ်ပြီး အမှန်တရားဘက်ကနေ ပြည်သူလူထုနဲ့အတူ တစ်သားတည်းနေထိုင် နေတာဖြစ်ပါတယ်။

Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account

ပြည်သူလူထုအနေနဲ့ကလည်း တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုတ်ကောင်းကောင်းနဲ့ ဆက်လက်ချီတတ်နေခဲ့တာ အခုဆိုရင် တစ်လကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။တတ်ကြွစွာ ပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူလူထုတွေထဲမှာ ဆိုရင် အနုပညာရှင် တော်တော်များများကလည်း ပူးပေါင်း အားဖြည့်နေတာဖြစ်ပြီး အောင်မင်းခန့်ကလည်း အားကြိုးမာန်တတ် ပါဝင်သလို လူထုအတွက်အစား အသောက်တွေကိုလည်း လှူဒါန်းနေတာ တွေ့ရပါတယ်။မကြာသေးခင် အချိန်မှာတော့ သူရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် တန်ဖိုးရှိလှတဲ့ အသက်တွေ ထပ်ပြီး ဆုံးရှုံးခဲ့ရတာကြောင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်းကို တင်ပေး လာတာဖြစ်ပါတယ်။

Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account

အောင်မင်းခန့်က "ကိုယ်ချင်းစာတရား သာကြွယ်ဝနေမယ်ဆို သယံဇာတ တောင်ရှိစရာမလိုဘူး နိုင်ငံကြီး အေးချမ်းသာယာနေမှာ အရမ်းဝမ်းနည်းတယ် လူဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး ကြွေလွင့်ခဲ့ရတဲ့တန်ဖိုးရှိလှတဲ့လူ့အသက်တွေဆုံးရှုံးခဲ့ရတာ ဘယ်စိတ်နဲ့ နှစ်သိပ်ရမလဲဆိုတာကိုယ်ဟာကိုတောင်မသိဘူး ကာယံကံရှင်မိသားစုနဲ့ အတူထပ်တူထပ်မျှဝမ်းနည်းရပါတယ် လောဘတွေ မဟုတ်တဲ့ မာန်မာနတွေ အဟုတ်ကင်းရှင်းကျပီး အေးချမ်း သာယာ တဲ့ နိုင်ငံတော်ကြီး အမြန်ဖြစ်ရပါစေ ငြိမ်းချမ်းမှုကိုလောကသားတိုင်း လိုလားပါတယ် ချစ်ခင်မြတ်နိုးမှုကိုလူသားတိုင်း လိုလားပါတယ် တန်ဖိုးထားမှုကိုလဲ အသိဥာဏ်ရှိသူတိုင်း လိုလားပါတယ်"ဆိုပြီး ရေးသားလာခဲ့တာ ဖြစ်ပါတယ်။ကဲ....ပရိသတ်တွေ အတွက် ပြန်လည်ကူးယူ မျှဝေပေးရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းမှုပြုပါတယ်။?????

Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account
Photo Credit - Aung Min Khant FB Account

သတင်း အရင်းအမြစ်Aung Min Khant FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T