ဒီကာလမှာ သူ့ကိုယ်သူ သရုပ်ဆောင်လို့တောင် မေ့လျော့နေပြီး အိမ်မှုကိစ္စတွေကိုလည်း ကိုယ်တိုင်လုပ်တတ်နေပြီဆိုတဲ့ မင်းမော်ကွန်း

//s9.kh1.co/eb/eb24320837a40903a94f25c9c997d0d830106243.jpeg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဒီကာလမှာ သူ့ကိုယ်သူ သရုပ်ဆောင်လို့တောင် မေ့လျော့နေပြီး အိမ်မှုကိစ္စတွေကိုလည်း ကိုယ်တိုင်လုပ်တတ်နေပြီဆိုတဲ့ မင်းမော်ကွန်း

ရုပ်ရှင်သရုပ်ဆောင်မင်းမော်ကွန်းကတော့ ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်ပီပီ လက်ရှိအခြေအနေမှာ ပြည်သူတွေနဲ့ တစ်ဘက်တည်း ရပ်တည်နေတာဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ဖေဖေ ဦးဇင်ဝိုင်းကလည်း အသက်အရွယ်ကြီးရင့်နေပေမယ့် လူငယ်တွေလိုပဲ တက်တက်ကြွကြွရှိပြီး နေ့တိုင်းလမ်းပေါ်ထွက်နေတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့ သားအဖနှစ်ယောက်ကတော့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ ရဲရင့်ပြတ်သားစွာနဲ့ အမှန်တရားအတွက် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

မင်းမော်ကွန်းက ပြည်သူတွေရဲ့ရှေ့ကနေ အော်လံကြီးကိုင်ပြီး အာခေါင်ခြစ်အော်ကာ သတ္တိအပြည့်နဲ့ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့လို အနုပညာရှင်တွေက နဂိုကတည်းကလူသိများကျော်ကြားတဲ့သူတွေဖြစ်တာကြောင့် သူတို့ရဲ့လုံခြုံရေးကိုလည်း အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။မင်းမော်ကွန်းက လက်ရှိမှာဆိုရင် ဘေးကင်းဖို့အတွက် ရှောင်တိမ်းနေထိုင်နေရပေမယ့် လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်နေတာဖြစ်ပါတယ်။ဒီကာလမှာ အနုပညာရှင်တွေက ပြည်သူတွေနဲ့အတူ စည်းစည်းလုံးလုံးနေထိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

မင်းမော်ကွန်းက အခုချိန်မှာဆိုရင် သူ့ကိုယ်သူ သရုပ်ဆောင်တစ်ယောက်လို့တောင် မေ့လျော့နေပြီး ထမင်းလည်းချက်တတ်တဲ့အပြင် ကိုယ့်အဝတ်လည်း ကိုယ်တိုင်လျှော်တတ်နေပြီဖြစ်ပါတယ်။ဒါ့အပြင်လည်း သူက လမ်းပေါ်မှာခြေထောက်တွေနာကျင်အောင် လမ်းလျှောက်ပြီး နေပူထဲ ထီးမပါဘဲ ကတ္တရာလမ်းပေါ် နာရီပေါင်းများစွာထိုင်ကာပြည်သူတွေနဲ့တစ်သားတည်းရှိနေတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ရုပ်ရှင်သရုပ်ဆောင်မင်းမော်ကွန်းကတော့အရမ်းလေးစားစရာကောင်းပြီး အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

Source&Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T