ပြည်သူတွေရဲ့ စေတနာကြောင့် လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သူတို့လိုလူငယ်တွေ အဆင်ပြေကြောင်းပြောလာတဲ့ ဘုန်းမင်းနေလ

//s9.kh1.co/f4/f412e32e46051e311890319f75714cfc7a82eaf9.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်ပေမယ့် နိုင်ငံရဲ့အရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ သရုပ်ဆောင် ဘုန်းမင်းနေလ ကတော့ ပရိသတ် ပြည်သူတွေရဲ့ အချစ်ကို ရရှိထားသူပါ။ ဘုန်းမင်းနေလက ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့ လူမှုကွန်ယက်ထက်မှာ လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေနဲ့ ပုံတွေကို တင်ပေးလေ့ရှိတာပါ။

Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account

ဒါ့အပြင် ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒအမှန်ကို ထုတ်ဖော်နေတဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ဘုန်းမင်းနေလက တစ်တပ်တစ်အားအနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲ့ ပုံတွေကိုလည်း ပရိသတ်တွေထံ တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့တာပါ။ ဒါကတော့ ဘုန်းမင်းနေလက သူရဲ့ သူငယ်ချင်းနဲ့အတူ ပြည်သူတွေရဲ့ စေတနာနဲ့ ဧည့်ခံကာ ကျွေးတဲ့ ထမင်းကို စားနေတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account

လမ်းမထက်မှာ ထမင်းကို အားရပါးရ စားသောက်နေတဲ့ ပုံတွေအပြင် " လမ်းပေါ်ရောက်နေတဲ့လူငယ်တွေအတွက် ပြည်သူတွေရဲ့စေတနာ ❤️ " ဆိုတဲ့ ကြည်နူးစရာစာသားကိုလည်း ရေးသားတင်ပေးလာ​တာပဲ ဖြစ်ပါတယ်။ နိုင်ငံကောင်းစားဖို့အတွက် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေတဲ့ လူငယ်တွေအတွက် ပြည်သူတွေက စေတနာအပြည့်နဲ့ ဧည့်ခံကာ ထမင်းဟင်း အစုံအလင်နဲ့ ကျွေးမွေးကြတာပါ။ အခုလို ဧည့်ခံကျွေးမွေးတဲ့ သူတွေကြောင့် ကြည်နူးပီတိဖြစ်ကာ အဆင်ပြေရကြောင်းပြောလာတဲ့ ဘုန်းမင်းနေလရဲ့ ပုံတွေနဲ့ စာသားအချို့ကို ကူးယူပြီး ပရိသတ်တွေထံ ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။  

Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account
Photo credit - Phonemin Nay La's FB account

သတင်း အရင်းအမြစ်Source - Phonemin Nay La's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T