အလှူအတန်းရက်ရောတာ သိပေမယ့် ပူဆွေးနေကြတဲ့ မိသားစုတွေကိုသွားလှူရင် မျက်နှာကို ဓာတ်ပုံမရိုက်ကြဖို့ပြောပြလာတဲ့ မေမြတ်နိုး

//s9.kh1.co/b4/b416d5f4f722867f256e75c2d1d52aeb4d2021ad.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အလှမယ် မေမြတ်နိုးကတော့ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့က ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေဘက်က ရပ်တည်နေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ မေမြတ်နိုးက ပြည်သူတွေ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်ကိုဖော်ထုတ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကာ တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေအတွက်လည်း ငွေကြေးအင်အားနဲ့ ထောက်ပံ့ပေးတာကို တွေ့ရပါတယ်။ 

Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 

သူမလို စေတနာအပြည့်နဲ့ သွားရောက်လှူဒါန်းကြသူတွေလည်း များစွာရှိနေခဲ့တာဖြစ်ပါတယ်။ သွားရောက်အလှူပြုကြတဲ့ အလှူရှင်တွေကို မေမြတ်နိုးက မကြာသေးတဲ့ နာရီပိုင်း အချိန်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ကာ မေတ္တာရပ်ခံထားတာပါသေးတယ်။ ဒါကတော့ မေမြတ်နိုးက " ကျွန်မတို့ပြည်သူတွေ အလှူအတန်းရက်ရောတယ် ဆိုတာအားလုံးသိကြပါတယ် ဒါပေမယ့် အခုလိုပူဆွေးသောကရောက်နေကြတဲ့မိသားစုတွေကို သွားလှူကြရင် သူတို့ မျက်နှာလေးတွေကို ဓါတ်ပုံတွေမရိုက်ကြပါနဲ့လားရှင်???

Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 

မြင်ရတာတော်တော်စိတ်မချမ်းသာလို့ပါနားလည်ပေးကြပါနော်?? " ဆိုတဲ့ စာသားပဲ ဖြစ်ပါတယ်။ သွားရောက်လှူဒါန်းကြရင်း မှတ်တမ်းတင်ကြတဲ့အခါ ပူဆွေးသောကရောက်နေတဲ့ မိသားစုရဲ့ ပုံတွေကို လူမှုကွန်ယက်ထက်မှာ မတင်ကြဖို့ မေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပါတယ်။ မြင်တွေ့ရသူတိုင်း စိတ်ထဲခံစားရသလို အလှူခံလို့ရရှိတဲ့ မိသားစုအတွက်လည်း မကောင်းတာကြောင့် မတင်ကြဖို့ ပြောလာတဲ့ မေမြတ်နိုးရဲ့ စာသားတွေကို ပရိသတ်တွေ သိရှိစေဖို့အတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 
Photo Credit - May Myat Noe's FB account 

သတင်း အရင်းအမြစ်Source - May Myat Noe's FB account.

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T