မိသားစုရဲ့စားဝတ်နေရေးကို ကူထမ်းပေးနေတာဖြစ်လို့ စျေးရောင်းပြီး ပြန်လာတဲ့လမ်းမှာ ဦးခေါင်းပွင့်ပြီး ကျဆုံးသွားခဲ့ရတဲ့ (၁၄)နှစ်အရွယ်လူငယ်လေး

//s9.kh1.co/78/7803e3ca4363ae0f08dc9b1362c0216be082fe90.jpeg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မိသားစုရဲ့စားဝတ်နေရေးကို ကူထမ်းပေးနေတာဖြစ်လို့ စျေးရောင်းပြီး ပြန်လာတဲ့လမ်းမှာ ဦးခေါင်းပွင့်ပြီး ကျဆုံးသွားခဲ့ရတဲ့ (၁၄)နှစ်အရွယ်လူငယ်လေး

လက်ရှိအခြေအနေမှာဆိုရင် အမြို့မြို့၊အနယ်နယ်တိုင်းမှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ကြပြီး အမှန်တရားအတွက်ရဲ့ရင့်ပြတ်သားစွာဖြေရှင်းနေကြတာဖြစ်ပါတယ်။အခုကာလမှာတော့ လူငယ်တွေက ရှေ့ဆုံးကနေဦးဆောင်ကြပြီးနည်းဗျူဟာအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း တစ်ခုခုဆို အချင်းချင်းကူညီရိုင်းပင်းကြပြီး ကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုး သတ်မှတ်ထားကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့လူထုလှုပ်ရှားမှုတွေမှာ အသက်ပေးသွားရပြီဖြစ်တဲ့ ပြည်သူတွေလည်း အယောက်(၅၀)ကျော်ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ပြည်သူလူထုကတော့ အမြို့မြို့၊အနယ်နယ်မှာ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း ကူညီဖေးမပေးကြတာဖြစ်ပါတယ်။မတ်လ(၃)ရက်နေ့မှာဆိုရင် မြင်းခြံက မိဘကိုလုပ်ကျွေးနေတဲ့(၁၄)နှစ်သားအရွယ် လူငယ်လေးက ဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးကဆိုရင် ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးပေမယ့် မိသားစုရဲ့ စားဝတ်နေရေးကို တစ်ပိုင်တစ်နိုင်လေး ကူထမ်းပေးနေတာဖြစ်ပါတယ်။လူငယ်လေးကတော့ မနက်(၅)နာရီကတည်းကထပြီး ဆိုင်ကယ်ဘေးတွဲမှာ အထုတ်လေးတွေချိတ်ကာ တစ်ရွာဝင်တစ်ရွာထွက် လိုက်ရောင်းတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

မတ်လ(၃)ရက်နေ့မှာလည်း အဲ့ဒီလူငယ်လေးက စျေးရောင်းပြီး ပြန်လာနေကျလမ်းအတိုင်း အိမ်ပြန်လာခဲ့ရင်းလမ်းမှာကျည်ထိသွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ လူငယ်လေးက စောစောစီးစီးပဲကြွေလွင့်သွားရတာကြောင့် မိဘတွေအနေနဲ့ အားကိုးရတဲ့သားလေးကို အပြီးတိုင်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း အသက်ငယ်ငယ်လေးနဲ့ ကျဆုံးသွားရတဲ့ လူငယ်လေးအတွက် အရမ်းစိတ်ထိခိုက်နေကြပြီးတတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြတာဖြစ်ပါတယ်။ပြည်သူတွေက ဒီလိုမျိုးကာလမှာ အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေကို လေးစားစွာနဲ့ဦးညွှတ်ဂါရဝပြုနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T