သွေးသား မတော်စပ်ပေမယ့်လည်း ဆုံးရှုံးရမှုတွေ အတွက် အရမ်းဝမ်းနည်း ခံစားရကြောင်း ဖွင့်ဟလာတဲ့ စိုးပြည့်သဇင်

//s9.kh1.co/f1/f1beafa63161a154daa6aa344975d20dbc475364.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးတို့ရေ.........အနုပညာလောကမှာ ဆယ်စုနှစ်ကြာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး ယနေ့ ချိန်ထိတိုင်အောင် ရေပန်းစား အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသမီးချော စိုးပြည့်သဇင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေး ထောက်ခံမှုကိုရရှိခဲ့ပြီး အကယ်ဒမီဆုကြီးကို လည်း ထိုက်ထိုက်တန်တန် ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account

လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူဘက်ကနေ ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သူ့ အသက်တွေစတေးခဲ့ရပြီး မြင်ရ ကြားရသူများမှာလည်း အားလုံးနည်းတူ ခံစားနေကြရတာပဲ ဖြစ်ပါတယ်။ ဒီအရေးနဲ့ ပတ်သတ်ပြီး စိုးပြည့်သဇင်ကလည်း ဘာမှသွေးသား မတော်စပ်ပေမယ့် အသက်စတေး လိုက်ရတဲ့သူတွေအတွက် ခံစားနေရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account

ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်ဟာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ

"ဘာမှသွေးသားမတော်စပ်ပေမဲ့.....ဆုံးရှုံးရမှုတွေအတွက်အရမ်းဝမ်းနည်းခံစားရပါတယ်....?ပုံတွေမြင်တိုင်းဗီဒီယိုတွေတက်လာတိုင်းမကြည့်နိုင်တော့ဘူး.......ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိပျော်ရွှင်နိုင်ကြပါစေ....???"ဆိုပြီး ဆုံးရှုံး လိုက်ရတဲ့ သူတွေ အတွက် ဝမ်းနည်းနေရကြောင်း၊ ကောင်းမွန်တဲ့ ဘုံဘဝကို ရောက်ရှိကြပါစေကြောင်း ဆုတောင်းပေးလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်.......။

Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account
Photo Crd - Soe Pyae Thazin's FB account

သတင်း အရင်းအမြစ်Soe Pyae Thazin's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T