မတရားတာကို မသိချင်ယောင်ဆောင်နေတဲ့လူဟာ လူမိုက်အားပေးလုပ်နေတာနဲ့ အတူတူပဲဆိုပြီး ဥပမာလေးတွေနဲ့ ပြောပြလာတဲ့ ခေးဆက်သွင်

//s9.kh1.co/76/7616c50c149862423a60eb3fdc9ca8bb23d60d74.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်တစ်ချို့လည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်....။ အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ခေးဆက်သွင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေပြင်းထန်လာတာနဲ့အမျှ Social Punishmentဘက်ကိုလည်း ပြည်သူလူထုကအားစိုက်ပြီးလုပ်ဆောင်လာကြတာကို တွေ့ရပါတယ်နော်.....။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

အခုလိုမျိုး Social Punishmentထိထိရောက်ရောက်လုပ်လာကြတဲ့အပေါ်မှာလည်း ခေးဆက်သွင်ဟာ သူမရဲ့အမြင်လေးကို Facebook စာမျက်နှာမှာရေးသားလာခဲ့ပါတယ်။ အာ့တာကတော့ "အိမ်က မွေးစားညီမလေးကမေးတယ် မမ တချို့ နာမည်ကြီးတွေကို လူတွေကဘာလို့ ဝိုင်းပယ်တာလဲဟင်တဲ့သူတို့ အခုနောက်ပိုင်းအလှူတွေလုပ်နေတယ်လေတဲ့သမီးရေ သမီးရှေ့မှာ ဘာအပြစ်မှမရှိတဲ့ကလေးကို လူတစ်ယောက်က သွားပုပ်လေလွင့်ပြောနေတယ် မတရားနှိပ်စက်နေတယ်မုဒိန်းကျင့်နေတယ် သတ်ဖြတ်နေတယ်ဆို သမီးဘာလုပ်မလဲလို့မေးတော့ အဲ့ဒီ့လူကို သမီးတို့ ပြန်လုပ်မှာပေါ့ ဝိုင်းရိုက်မှာပေါ့တားမှာပေါ့ ဆွဲမှာပေါ့တဲ့.......။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

"အဲ့ဒီ့မတရားလုပ်နေတဲ့သူက မမဆိုရင်ရောလို့မေးတော့မလုပ်သင့်တာမလုပ်မိအောင်ပြောမှာပေါ့တဲ့မရဘူး သမီး ..မမကိုပါ ဖြတ်ရိုက်သင့်ရင်ရိုက်ရမယ်ဆွဲသင့်ရင် ဆွဲရမယ် တခြားသူတွေကို လှမ်းခေါ်ပြီးအကူအညီတောင်းသင့်ရင် တောင်းရမယ် မမ မရပ်မချင်း သမီးနည်းမျိုးစုံနဲ့ကြိုးစားရမယ်သမီးတစ်ယောက်တည်းပေါ်မှာပဲ မမကျေးဇူးက ရှိနေတာလေအပြစ်မဲ့တဲ့ကလေးက ဘာလို့ခံရမှာလဲအချိန်မှီ သမီး မတားရင် မဆွဲရင် အားလုံးသိအောင်အကူအညီမတောင်းရင် ဒီကလေးတင်မကဘူးနောက်နောင်ကလေးတွေပါ ဒုက္ခရောက်ကုန်မှာအဲ့လိုပဲ သမီးရဲ့ ပြည်သူတွေကလည်းမတရားတာခံရတဲ့ချိန်မှာအမှန်တရားဘက်ကထုတ်ဖော်ပြောကြားပေးတာကူညီစောင့်ရှောက်ပေးတာကာကွယ်ပေးတာ တူတူလက်တွဲပြီးဆောင်ရွက်တာမျိုးဖြစ်စေချင်တာပေါ့...

အဲ့လို မလုပ်တဲ့သူဆိုလူမိုက်အားပေးတဲ့သူနဲ့ တူတူပဲဟကျေးဇူးရှိတာ ကိုယ့်အကျိုးတွေဆုံးရှုံးမှာစိုးတာအရမ်းခင်တာ အရမ်းချစ်တာအမျိုးတွေဖြစ်နေတာနဲ့မတရားတာကို အချိန်မှီမကူညီဘဲလက်ပိုက်ကြည့်နေခဲ့ကြလို့ဟေ့ရှင်းပြီလား...." ဆိုပြီးရေးသားဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc

သတင်း အရင်းအမြစ်Khay Sett Thwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T