လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို International Live Chat မှာပြောပြပြီး ကမ္ဘာကသိအောင်လုပ်နိုင်ခဲ့တဲ့ အလှမယ်ဟန်လေး

//s9.kh1.co/5d/5d8cdb706704f27a41713f4b0d87e7d6dfe1a575.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို International Live Chat မှာပြောပြပြီး ကမ္ဘာကသိအောင်လုပ်နိုင်ခဲ့တဲ့ အလှမယ်ဟန်လေး

အလှမယ်ဟန်လေးကတော့ "Miss Universe Myanmar 2020" ရဲ့ "1st Runner Up" ဆုရှင်ဖြစ်သလို "Miss Grand Myanmar 2020" ရဲ့သရဖူပိုင်ရှင်လည်း ဖြစ်ပါတယ် ။ အခုဆိုရင် ဟန်လေးက မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် ပြည်ပမှာ သွားရောက်ယှဥ်ပြိုင်နေရတာ ဖြစ်ပါတယ် ။ "Miss Grand International " ပြိုင်ပွဲကြီးမှာ အကောင်းဆုံးကြိုးစားယှဥ်ပြိုင်နေတဲ့ ဟန်လေးက အခုလည်း ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Han Lay's FB Acc
Photo Credit-Han Lay's FB Acc
Photo Credit-Han Lay's FB Acc
Photo Credit-Han Lay's FB Acc

ပြီးခဲ့တဲ့ရက်က "Miss Grand International" ရဲ့ Live Chat မှာ အလှမယ်ဟန်လေးက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ် ။ ဟန်လေးက ကျဆုံးသွားတဲ့ပြည်သူတွေရဲ့အကြောင်းကို ပြောပြနေရင်းနဲ့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ပါကျခဲ့ရတာလည်း ဖြစ်ပါတယ် ။ မြန်မာဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ပြီး တာဝန်ကျေခဲ့တဲ့ ဟန်လေးကတော့ သူမရဲ့အသံကတစ်ဆင့် ကိုယ့်နိုင်ငံအကြောင်းကိုကမ္ဘာကပါစိတ်ဝင်စားလာအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Han Lay's FB Acc
Photo Credit-Han Lay's FB Acc
Photo Credit-Han Lay-Thaw Nandar Aung's FB Page & Khant Min Htin
Photo Credit-Han Lay-Thaw Nandar Aung's FB Page & Khant Min Htin

ဒါကြောင့်လည်း ဟန်လေးက Live Chat အပြီးမှာ တစ်ခြားနိုင်ငံက Miss တွေက သူမကိုမြန်မာနိုင်ငံအကြောင်း စိတ်ဝင်တစားလာမေးခဲ့ကြောင်းနဲ့ သူမဆီကိုဖုန်းတွေဆက်လာကြကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ ဟန်လေးကတော့ "ကျွန်မရဲ့သေးငယ်တဲ့ Voice တစ်ခုကနေတစ်ဆင့် ကျွန်မတို့နိုင်ငံကပြည်သူတွေအတွက် ကြီးမားတဲ့ Effective attention တစ်ခု ကျွန်မပေးနိုင်ခဲ့ပြီ..ကျွန်မကို Supporting အပြည့်ဝပေးနေကြတဲ့ ကျွန်မရဲ့ Fansတွေအတွက် ကျွန်မတာဝန်ကျေနိုင်ခဲ့ပြီ..မြန်မာပြည်ကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ကျွန်မတတ်နိုင်တဲ့ဘက်က Speak Outလုပ်နိုင်ခဲ့ပြီ ? အားလုံးကိုကျေးဇူးတင်ပါတယ် ဟန်လေးပိုကြိုးစားခဲ့ပါ့မယ် ❤️" ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ် ။ ကဲ မြန်မာနိုင်ငံအတွက် ခွန်အားရှိသလောက် ကြိုးစားပေးခဲ့တဲ့ အလှမယ်ဟန်လေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source & Photo Credit-Han Lay's FB Acc

Photo Credit-"Miss Grand International" FB Page
Photo Credit-"Miss Grand International" FB Page
Photo Credit-Han Lay's FB Acc & Khant Min Htin
Photo Credit-Han Lay's FB Acc & Khant Min Htin
Photo Credit-Han Lay's FB Acc
Photo Credit-Han Lay's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T