ကလေးဘဝကတည်းကအားပေးခဲ့ရတဲ့ သရုပ်ဆောင်ဇင်မာဦး ကွယ်လွန်သွားတဲ့အတွက်ဝမ်းနည်းနေရပြီး အမှတ်တရတွေကိုပြောပြလာတဲ့ဘေဘီမောင်

//s9.kh1.co/36/362a98c69c76c80aa88b249f0af250fda1a5812f.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့အတူ တချိန်က ပရိသတ်တွေရဲ့ရင်ထဲအခိုင်အမာနေရာယူထားပြီး ဇာတ်ကားတွေများစွာရိုက်ကူးထားသလို တော်လှန်ရေးဇာတ်ကားတွေနဲ့လည်း အောင်မြင်ခဲ့တဲ့ အကယ်ဒမီသရုပ်ဆောင်ဇင်မာဦးကတော့ ကွယ်လွန်သွားခဲ့ပါပြီ..။

သီဟတင်စိုးရဲ့ဇနီးဖြစ်သူ အသက်(၅၁)အရွယ်ရှိပြီဖြစ်တဲ့ ဇင်မာဦးဟာ အဆုတ်ကင်ဆာရောဂါနဲ့ မတ်လ(၁၁)ရက်နေ့ ညက ရန်ကုန်မြို့ အောင်ရတနာဆေးရုံမှာ ကွယ်လွန်သွားဖြစ်ပြီး ပရိသတ်တွေလည်း စိတ်မကောင်းဝမ်းနည်းနေကြတာပါ..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

အကယ်ဒမီဇင်မာဦးကွယ်လွန်သွားတဲ့အတွက် မင်းသမီးချောဘေဘီမောင်ကလည်း ကလေးဘဝကတည်းက အားပေးခဲ့ရတဲ့ အနုပညာရှင်တစ်ယောက် ဆုံးပါးကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဝမ်းနည်းရသလို အမှတ်တရလေးတွေကိုလည်း ပြောပြလာပါတယ်..။

ငယ်ငယ်လေးကတည်းက သီဟတင်စိုးနဲ့ ဇင်မာဦးတို့ရဲ့ ဇာတ်ကားကို ကြည့်ခဲ့အားပေးခဲ့တာဖြစ်ပြီး အခုလိုဆုံးပါးသွားတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေးတွေကို ဘေဘီမောင်က ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"ဘေဘီငယ်ငယ်တုန်းက ဖေကြီးက သီဟတင်စိုးနဲ့ဇင်မာဦး video ကားလေးတွေ အမြဲတမ်းအခွေဆိုင်မှာ ဌားခိုင်းနေကျ?

စိတ်မကောင်းဘူး အန်တီဇင်မာဦး?

ကောင်းမွန်ရာဘဝရောက်ပါစေ?

တတ်နိုင်သလောက်လဲကူညီပေးအုံးမှာပါ???????.." ဆိုကြီး စိတ်မကောင်းစွာ ရေးသားပြောပြထားတာပါ..။

ဘေဘီလေးရဲ့ အဲ့ဒီ့ပို့စ်အောက်မှာ ပရိသတ်တွေကလည်း တချိန်ကအားပေးခဲ့ကြရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးဇင်မာဦးဆုံးပါးကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ်Baby Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T